DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယဝန်ကြီးချုပ်မိုဒီ ယူအေအီးနိုင်ငံ ခရီးစဉ်အတွင်း ဟိန္ဒူဘုရားကျောင်း ဖွင့်လှစ်
DVB
·
February 15, 2024
အိန္ဒိယဝန်ကြီးချုပ်မိုဒီ ယူအေအီးနိုင်ငံ ခရီးစဉ်အတွင်း ဟိန္ဒူဘုရားကျောင်း ဖွင့်လှစ်
Donate to DVB

အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီဟာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ နှစ်ရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း ကြီးကျယ်ခမ်းနားတဲ့ ဟိန္ဒူဘုရားကျောင်းကို ဖေဖော်ဝါရီ ၁၄ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ယူအေအီးဟာ အိန္ဒိယနိုင်ငံသား ၃ သန်းခွဲလောက် နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မွတ်စလင်နိုင်ငံပါ။ ဟိန္ဒူဘာသာရေးခေါင်းဆောင်တွေ၊ ဘုန်းတော်ကြီးတွေနဲ့အတူ မိုဒီဟာ ယူအေအီးအစိုးရ အဖွဲ့ဝင်တွေ၊ ဘောလိဝုဒ်သရုပ်ဆောင်တွေနဲ့ အိန္ဒိယ အသိုက်အဝန်းတွေ တက်ရောက်ခဲ့တဲ့ အခမ်းအနားမှာ ဘုရားကျောင်းဆီ သွားခဲ့ပါတယ်။

မိုဒီရဲ့ဇာတိ ဂူဂျာရတ်ပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က တည်ထောင်ခဲ့တဲ့ ဟိန္ဒူ BAPS အဖွဲ့အစည်းက ဘုရားကျောင်းကို ဒေါ်လာ ၉၅ သန်းလောက် အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ဘုရားကျောင်းမြေနေရာအတွက် အဘူဒါဘီမြို့တော်က မြေ ၂၇ ဧကကို ယူအေအီး အစိုးရက လက်ဆောင်ပေးခဲ့တာပါ။

အစ္စလာမ်ဘာသာဝင်တို့ရဲ့ မွေးရပ်မြေ အာရေဗျကျွန်းဆွယ်မှာ ပထမဆုံး ရိုးရာ ကျောက်ထွင်း ဟိန္ဒူဘုရားကျောင်းကို ဖွင့်လှစ်လိုက်တာဟာ အိန္ဒိယနဲ့ ယူအေအီးကြား နီးကပ်တဲ့ ဆက်ဆံရေးရဲ့ သင်္ကေတပါ။

အစောပိုင်းတရက်က မြို့တော် အဘူဒါဘီမှာရှိတဲ့ ဘောလုံးကွင်းထဲမှာ သောင်းချီတဲ့ အိန္ဒိယနိုင်ငံသားတွေ စုဝေးခဲ့ကြပြီး လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ရှားရှားပါးပါး တတိယအကြိမ်မြောက် ဝန်ကြီးချုပ်သက်တမ်းအတွက် ဝင်ပြိုင်မယ့် မိုဒီကို အားပေးခဲ့ကြပါတယ်။

အိန္ဒိယရဲ့ အကြီးဆုံးကုန်သွယ်ဘက်တွေထဲက တနိုင်ငံဖြစ်တဲ့ ယူအေအီးမှာ မိုဒီရဲ့ခရီးစဉ်ဟာ ဟိန္ဒူအမျိုးသားရေးဝါဒီ အိန္ဒိယအစိုးရနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတို့ကြား ဆက်ဆံရေး နက်ရှိုင်းပုံကို ပြခဲ့တာပါ။

အိန္ဒိယနိုင်ငံထဲမှာတော့ မိုဒီက ၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ်ရာထူး ရယူပြီးတဲ့နောက် ဘာသာရေးအရ ကွဲပြားမှုတွေ မြင့်တက်လာပြီး လူဦးရေ ၁ ဒသမ ၄၂ ဘီလီယံရဲ့ ၁၄ ရာခိုင်နှုန်းရှိတဲ့ အိန္ဒိယမွတ်စလင်တွေ ဘေးဖယ်ခံနေရတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

လုပ်သားအင်အား ၁၀ သန်းထဲမှာ အိန္ဒိယနိုင်ငံသား လုပ်သားဦးရေ ၁ သန်းရှိတဲ့ ပင်လယ်ကွေ့နိုင်ငံ ယူအေအီးမှာ ဟိန္ဒူဘုရားကျောင်းတွေ ဆယ်စုနှစ်တွေချီပြီး ရှိနေခဲ့ပါတယ်။

Source/Photo-REUTERS/Amr Alfiky

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013