DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါတွင် စစ်တပ်နှင့်ပျူစောထီးအဖွဲ့က အရပ်သား ၁၀ ဦးကိုသတ်ပြီး နေအိမ် ၄၀ ကျော် မီးရှို့
DVB
·
February 14, 2024
ဂန့်ဂေါတွင် စစ်တပ်နှင့်ပျူစောထီးအဖွဲ့က အရပ်သား ၁၀ ဦးကိုသတ်ပြီး နေအိမ် ၄၀ ကျော် မီးရှို့
Donate to DVB

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက အရပ်သားအမျိုးသား ၁၀ ဦးကို PDF ဆိုပြီး စွပ်စွဲသတ်ဖြတ်ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၄ နာရီလောက် စတင်ပြီး မြောက်ခင်ရမ်းရွာက ပျူစောထီးတွေ ဦးဆောင်ကာ ဂန့်ဂေါမြို့နယ်အတွင်းက ပျူစောထီးကျေးရွာ ၁၂ ရွာမှ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ကျော်က အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။

စစ်ကြောင်းက  သင်တော၊ ရွှေဘိုနဲ့ ရွှေဘိုရွာသစ်(ဒေသအခေါ် ရေသာ) စတဲ့ ကျေးရွာတွေထဲကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချကာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး အရပ်သား ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

အသတ်ခံရသူတွေဟာ အသက် ၂၀ ကနေ ၄၀ ဝန်းကျင် အမျိုးသားတွေ ဖြစ်ပြီး သင်တောရွာက ၇ ဦး၊ ရွှေဘိုရွာက ၂ ဦးနဲ့ ရွာသာရွာက ၁ ဦးဖြစ်တယ်လို့ သိရပါတယ်။

“သင်တောနဲ့ ရွှေဘိုရွာကြားမှာ ဘုရားရှိတယ်၊ ဘုရားအနီးမှာ သင်တောရွာသား ၇ ဦးသတ်တယ်၊ နောက် ၂ ဦးက ရွှေဘိုရွာထဲမှာပဲ ပစ်သတ်ထားခဲ့တယ်။ ရေသာက ၁ ဦးကတော့ ရေသာနဲ့ ရွှေဘိုအကြားမှာ ပစ်သတ်ထားခဲ့တယ်ပေါ့။ အဓိကက စစ်ကောင်စီက PDF တွေကို ဖမ်းမိတယ်ဆိုပြီး သူတို့အထက်လူကြီးတွေကို လိမ်ညာဖို့ အပြစ်မဲ့ ပြည်သူတွေကို PDF အဖြစ် လိမ်ညာပြီးတော့မှ ဖမ်းဆီးပြီးမှ သတ်ဖြတ်တာပါပဲ” လို့ ဂန့်ဂေါ ပကဖ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကြောင်းက ရွှေဘိုရွာက လူနေအိမ် ၂၆ လုံးနဲ့ သင်တောရွာက လူနေအိမ် အလုံး ၂၀ ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013