DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်များ ပြန်ခေါ်ရန် မြန်မာ သဘောတူ
DVB
·
September 1, 2014
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်များ ပြန်ခေါ်ရန် မြန်မာ သဘောတူ
Donate to DVB

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည် ၂ ထောင်ကျော်ကို ပြန်ခေါ်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက မြန်မာဒုနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်အတွင်းမှာ သဘောတူညီခဲ့ပါတယ်။

[caption id="attachment_63851" align="alignright" width="300"]နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးနေစဉ် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးနေစဉ်[/caption]

၂၀၀၅ ခုနှစ်ကတည်းက အချက် ၄ ချက်နဲ့ မြန်မာနိုင်ငံသား အဖြစ် စစ်ဆေး အတည်ပြုနိုင်တဲ့ ဒုက္ခသည် ၂၄၁၅ ဦးကို ခေါ်ယူဖို့ သြဂုတ် ၃၁ ရက်နေ့ ဘင်္ဂလားဒေ့ရှ် နိုင် ငံခြားရေးဝန်ကြီး နဲ့ မြန်မာဒုနိုင်ငံခြားရေး ၀န်ကြီး ဦးသန့်ကျော်တို့က သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

၈ ကြိမ်မြောက် ၂ နိုင်ငံ ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည် ၃ သောင်းကျော်ကို လက်ခံပေးဖို့ ပြောဆိုခဲ့ရာမှာ ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံသားဖြစ်ကြောင်း စံနှုန်း ၄ ခုနဲ့ နောက်ဆုံး စိစစ်ထားတဲ့ ဒုက္ခသည် ၂ ထောင်ကျော်ကို ခေါ်ယူဖို့ သဘောတူညီခဲ့တာလို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“အဲဒီတုန်းက အဲဒီဒုက္ခသည်ဆိုတဲ့သူတွေက သူတို့ဆန္ဒနဲ့သူတို့ ပြန်လာချင်တယ်ဆိုမှ ကျနော်တို့က လက်ခံမယ်လို့ ပြောထားတယ်။ အဲဒီအချိန်တုန်းက အဲဒီဒုက္ခသည်ဆိုတဲ့သူတွေက ပြန်မလာချင်ဘူးလို့ပြောလို့ ကျနော်တို့ဘက်က လက်မခံဘဲနဲ့ နေခဲ့တယ်။ တကယ်လို့ လက်ခံမယ်ဆိုရင်လည်း အဲတုန်းက သဘောတူထားတဲ့ ၂၀၀၀ ကျော်ကိုပဲ ကျနော်တို့ ပြန်စိစစ်မယ်။ ဒီကြားထဲမှာ သေတာရှိတယ်၊ မွေးဖွားတာရှိတယ်။ အဲဒါတွေအားလုံးကို ပြန်စိစစ်ပြီး မှန်ကန်တယ်ဆိုရင် မူ ၄ ချက်နဲ့အညီ လက်ခံမယ်လို့ သဘောတူခဲ့တာဖြစ်ပါတယ်။ ပြန်စိစစ်နိုင်ဖို့ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ကို ၂ လအတွင်း ဖွဲ့ဦးမယ်။ ဖွဲ့ပြီးမှာ ဆက်လုပ်ရမယ့်ကိစ္စ၊ တခါတည်း လက်ခံတဲ့ကိစ္စမဟုတ်ပါဘူး။”

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတော့ ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည် ၂ သိန်းကျော် ရှိပြီး ၃ သောင်းဟာ အထောက်အထားရှိပြီး မြန်မာနဲ့ ၂ ကီလိုမီတာ ဝေးတဲ့ ဒုက္ခသည် စခန်း ၂ ခုမှာ နေထိုင်နေတယ်လို့ ခန့်မှန်းထားပါတယ်။

ဦးရဲထွဋ်ကတော့ မြန်မာနိုင်ငံသားအဖြစ် အတည်ပြုနိုင်တာ ၂ ထောင်ကျော်သာဖြစ်ပြီး ဒုက္ခသည် ၃ သောင်းဆိုတဲ့ အရေအတွက်ကို သဘောမတူသလို နောက်ထပ်ထပ်မ စစ်ဆေးစရာလည်း မလိုဘူးလို့ ပြောပါတယ်။

စံသတ်မှတ်ချက်တွေကတော့ မြန်မာနိုင်ငံသားဖြစ်ကြောင်း မြန်မာနိုင်ငံဘက်က အထောက်အထား ပြသရမှာ ဖြစ်ကြောင်း၊ အထောက်အထားပြသနိုင်တဲ့ မိဘ ၂ ပါးက မွေးဖွားသူ ဖြစ်ရမှာ ဖြစ်ကြောင်း၊ အထောက်အထားမရှိပါက သက်ဆိုင်ရာတရားရုံးက စိစစ်ပြီးသူ ဖြစ်ရမှာ ဖြစ်ကြောင်း ဒီဒုက္ခသည်တွေ ပြန်လာဖို့ကလည်း သူတို့ သဘောဆန္ဒအလျှောက်ဖြစ်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒုက္ခသည်တွေရဲ့ ကိစ္စဟာ  ၂ နိုင်ငံဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်သလို အဓိကရုဏ်းကြောင့် ရခိုင်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကိုလည်း ဘင်္ဂလားဒေ့ရှ်က ခိုလှုံခွင့်ပေးထားတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေက ရေးပါတယ်။

ဒုက္ခသည်တွေကို မြန်မာဘက်က နိုင်ငံသားအဖြစ် အသိအမှတ်ပြုတာကို ငြင်းပယ်ခဲ့တဲ့ အတွက် ဒုက္ခသည် ပြန်လည် နေရာချထားရေး အစီအစဉ်ဟာ ရပ်ဆိုင်းသွားရတာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013