DVB Logo
Home
Lead Story
ယူအန်အက်ဖ်စီအဖွဲ့ဝင်ကနေ ကေအန်ယူ ယာယီဆိုင်းငံ့
DVB
·
September 1, 2014
ယူအန်အက်ဖ်စီအဖွဲ့ဝင်ကနေ ကေအန်ယူ ယာယီဆိုင်းငံ့
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု အဖွဲ့ ဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ အဖွဲ့ဝင်အဖြစ်ကနေ ယာယီ ဆိုင်းငံ့ထားလိုက်ပြီလို့ ကေအန်ယူက ဒီဗွီဘီကို ပြောပါတယ်။

UNFCထိုင်းနိုင်ငံ ချင်းမိုင်မြို့မာ သြဂုတ်လကုန်ပိုင်း ကတည်းက ဒီကနေ့ထက် ဆက်လက် ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)ရဲ့ ညီလာခံကနေ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) နုတ်ထွက်ခဲ့တာဖြစ်သလို အဖွဲ့ဝင် အဖြစ်ကနေ လည်း ယာယီ ဆိုင်းငံ့ထားလိုက်ပြီလို့ ကေအန်ယူရဲ့အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်းက ပြောပါတယ်။

ကေအန်ယူအနေနဲ့ လက်ရှိ ယူအန်အက်စီရဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲဖို့ ကြိုးစားရာမှာ ပြင်လို့ မရတဲ့အတွက် အခုလို အဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့ရတာလို့ ပဒို ကွယ်ထူးဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ယူအန်အက်စီအဖွဲ့ဝင်ကနေ ယာယီဆိုင်းငံ့လိုက်တဲ့အတွက် အခု ညီလာခံကနေ ထွက်လာမယ့် ဆုံးဖြတ်ချက်တွေဟာလည်း ကေအန်ယူအနေနဲ့ ပါဝင်ပတ်သက်မှု မရှိတော့ ဘူးလို့လည်း ပြောပါတယ်။

ဒီလိုအဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့ထားပေမယ့် ကေအန်ယူအနေနဲ့ တပ်ပေါင်းစုကို ခိုင်မာအောင် တည်ဆောက်မယ်ဆိုတဲ့ မူဝါဒတရပ်အနေနဲ့ ချမှတ်ထားတဲ့အတွက် ယူအန်အက်ဖ်စီက တပ်ပေါင်းစုအနေနဲ့ ဆက်သွယ် ပူးပေါင်း ဆောင် ရွက်မှုတွေတော့ ရှိနေဦးမယ်လို့ ဆိုပါတယ်။

ကေအန်ယူအနေနဲ့ ယူအန်အက်စီအဖွဲ့ကနေ ယာယီဆိုင်းငံ့လိုက်ပေမယ့် ယူအန်အက်ဖ်စီ ညီလာခံ ဆက်လက် ကျင်းပနေပြီး အစိုးရနဲ့ လုပ်ဆောင်နေတဲ့ အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ထိခိုက်မှာ မဟုတ်ဘူးလို့ ယူအန်အက်ဖ်စီရဲ့ အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟံသာက ပြောပါတယ်။

ယူအန်အက်ဖ်စီဟာ ၂၀၁၁ ခုနှစ်က လက်နက်ကိုင်တိုင်းသားအဖွဲ့ ၁၂ ဖွဲ့နဲ့ပူးပေါင်းထား တဲ့အဖွဲ့ ဖြစ်ပါတယ်။

သူတို့ရဲ့ ပထမဆုံးညီလာခံကို သြဂုတ် ၂၅ ရက်နေ့က ၂၈ ရက် နေ့အထိ ကျင်းပခဲ့ပြီး တစုံတရာ ဆုံးဖြတ်ချက် မချနိုင်ဘဲ ယာယီရပ်ဆိုင်းပြီး လက်ရှိ ညီလာခံ မပြီးသေးပဲ ဆက်လက် ကျင်းပနေပါတယ်။

ယူအန်အက်ဖ်စီအနေနဲ့ လက်ရှိကာလမှာ အစိုးရနဲ့တနိုင်ငံလုံး အပစ်အခတ် ရပ်စဲဖို့အတွက် ယူအန်အက်ဖ်စီအဖွဲ့ဝင်တွေအများစုနဲ့ ပါဝင်တဲ့ တနိုင်ငံလုံး အပစ်ရပ်ညှိနှိုင်းရေး အဖွဲ့ (အန်စီစီတီ) ကို ဖွဲ့စည်းပြီး အစိုးရနဲ့ ဆွေးနွေးမှုတွေ အဆက်မပြတ် လုပ်ဆောင်နေပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013