DVB Logo
Home
မြန်မာသတင်း
ESPERADO ဟိုတယ်ပိုင်ရှင်၏ ဇနီး ဓားဖြင့်ခုတ်သတ်ခံရ
DVB
·
February 13, 2024
ESPERADO ဟိုတယ်ပိုင်ရှင်၏ ဇနီး ဓားဖြင့်ခုတ်သတ်ခံရ
Donate to DVB

ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဦးအောင်မြတ်လမ်းနဲ့ ကန်ရိပ်သာလမ်းထောင့်မှာရှိတဲ့  ESPERADO ဟိုတယ်ပိုင်ရှင် ဦးအောင်ဇော်ဝင်းရဲ့ ဇနီးဖြစ်သူ ဖေဖော်ဝါရီ ၁၃ ရက် ဒီနေ့မနက်က ဓားနဲ့ခုတ်ခံရပြီး သေဆုံးသွားတယ်လို့ ဟိုတယ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဒီကနေ့မနက် ၈ နာရီခွဲက ESPERADO ဟိုတယ် သုံးလွှာ အခန်းအမှတ် ၃၀၀၃ မှာ နေထိုင်နေတဲ့ ဒေါ်သန်းသန်းဦး (ခ) မာရီယမ် အခန်းအတွင်းမှ ထွက်မလာတာကြောင့် သားဖြစ်သူက အခန်းတံခါးကို မာစတာကီးနဲ့ဖွင့်ကြည့်ရာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့တယ်လို့ ဟိုတယ်နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"မနက်ပိုင်း သူသားက ဖုန်းခေါ်တာ မကိုင်လို့ သူ့အခန်းတံခါးကို မာစတာကီးနဲ့ဖွင့်ပြီးဝင်မှ နောက်ကျောကို ဓားနဲ့ခုတ်ခံရပြီး သေနေတာတွေ့တာ။" 

ESPERADO ဟိုတယ်ပိုင်ရှင်ရဲ့ ဇနီးဖြစ်သူ သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ရဲတွေက ဟိုတယ်ရှိ CCTV တွေနဲ့ ဝန်ထမ်းအချို့ကို စစ်ဆေးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဒီဗွီဘီ ကို ပြောပါတယ်။

"ဦးအောင်ဇော်ဝင်းက ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ လုပ်ငန်းတွေ လုပ်နေတာရှိတယ်။ ဦးသန်းရွှေလက်ထက်ကတည်းက ဗိုလ်ချုပ်တွေနဲ့ အဆက်အသွယ်ရှိတယ်။ ဘာကြောင့် အသတ်ခံလဲဆိုတာ မသိသေးဘူး။" 

သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူ ကြံ့ခိုင်ရေးပါတီ မောင်တော လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ဇော်ဝင်း (ခ) ဇော်ကီးအာမတ်မှာ ရှိုင်းဆောက်လုပ်ရေး ကုမ္ပဏီနဲ့ ESPERADO ဟိုတယ် ဥက္ကဋ္ဌ ဖြစ်ပြီး ဘာသာပေါင်းစုံချစ်ကြည်ရေး ဗဟိုဒုဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

ဦးအောင်ဇော်ဝင်းဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က ငခူရစခန်း တိုက်ခိုက်ခံရမှုမှာ အကြမ်းဖက်သမားတွေကို အားပေးကူညီမှုနဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို ထွက်ပြေးတိမ်းရှောင်ဖို့လုပ်နေစဥ် ရန်ကုန်လေဆိပ်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးပြီးနောက် လူသတ်မှု၊ အကြမ်းဖက်မှုပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပေမဲ့  မောင်တောခရိုင်တရားရုံးမှ ၂၀၁၈ ခုနှစ် မေ ၂၁ ရက်မှာ အမှုကနေ ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013