DVB Logo
Home
နိုင်ငံတကာ
လူမြင်ကွင်းမှပျောက်နေသည့် ရုရှားဗဟိုဘဏ်အုပ်ချုပ်ရေးမှူးနှင့် သမ္မတပူတင် ဆွေးနွေး
DVB
·
February 13, 2024
လူမြင်ကွင်းမှပျောက်နေသည့် ရုရှားဗဟိုဘဏ်အုပ်ချုပ်ရေးမှူးနှင့် သမ္မတပူတင် ဆွေးနွေး
Donate to DVB

ရုရှားဗဟိုဘဏ်အုပ်ချုပ်ရေးမှူး အယ်လ်ဗီရာ နာဘီအူယီးနာဟာ ဖေဖော်ဝါရီ ၁၂ ရက်မှာ သမ္မတ ဗလာဒီမာပူတင်နဲ့ ရုပ်မြင်သံကြားကနေလုပ်တဲ့ အစည်းအဝေးအတွင်း ပါဝင်ခဲ့ပါတယ်။

အသက် ၆၀ အရွယ် နာဘီအူယီးနာဟာ လူအများရှေ့ကနေ သီတင်းပတ်ချီ ပျောက်သွားခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ တလနီးပါးက စီစဉ်ထားတဲ့ပွဲကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် ပထမဆုံး လူသိရှင်ကြား လူရှေ့ထွက်လာတာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၆ ရက်က စီစဉ်ထားတဲ့ အခမ်းအနားကို ဖျက်သိမ်းလိုက်တာကြောင့် ဆေးရုံတက်နေရတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာခဲ့ပြီး သူ့ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုကို ဆုတောင်းပေးခဲ့ကြပါတယ်။

ဒါပေမဲ့ အဖြစ်မှန်ကို ရုရှားသမ္မတနန်းတော်ကရော ဗဟိုဘဏ် အပါအဝင် တရားဝင်အဖွဲ့အစည်းတခုခုက အတည်ပြု ပြောကြားတာမျိုး မရှိခဲ့ပါဘူး။

တနင်္လာနေ့မှာလုပ်တဲ့ စီးပွားရေးဆိုင်ရာ အစည်းအဝေးမှာ သမ္မတပူတင်က ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရေး အထူးသတိထားဖို့လိုပြီး ငွေကြေးဖောင်းပွမှု ကျဆင်းနေတာကို ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ ဘတ်ဂျက်အသုံးစရိတ် မြင့်နေတာ၊ လုပ်သားရှားပါးမှု၊ ရူဘယ်ငွေကြေး အားနည်းမှုနဲ့ မြင့်မားတဲ့ ငွေကြေးဖောင်းပွမှု ဖိအားတွေကို ရင်ဆိုင်နေရတာပါ။

ဒါကြောင့် ရုရှားဗဟိုဘဏ်ဟာ ဇူလိုင်လကစပြီး အခြေခံအချက် ၈၅၀ နဲ့ အတိုးနှုန်းထားတွေ မြှင့်တင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်မှာ ကျင်းပမယ့် အစည်းအဝေးမှာ အတိုးနှုန်းသတ်မှတ်မှု ၁၆ ရာခိုင်နှုန်းမှာ ဆိုင်းငံ့ထားဖို့ မျှော်လင့်ခံထားရပါတယ်။

ငွေကြေးဖောင်းပွမှုနဲ့ အဲဒါကို ထိန်းကျောင်းဖို့ အထူးအာရုံစိုက်သင့်ပါတယ်လို့ ပူတင်က ရုပ်မြင်သံကြား အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

Source/Photo- Sputnik/Sergei Ilyin/Pool via REUTERS/Evgenia Novozhenina

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013