DVB Logo
Home
မြန်မာသတင်း
အိမ်ခြေ ၁၅၀ ကျော် မပြောင်းရွှေ့ရရေး သပိတ်ကျင်းဒေသခံများ ဆန္ဒပြ
DVB
·
September 1, 2014
အိမ်ခြေ ၁၅၀ ကျော် မပြောင်းရွှေ့ရရေး သပိတ်ကျင်းဒေသခံများ ဆန္ဒပြ
1 / 2
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဖက်ရှည်ကျေးရွာနဲ့ ဝက်သေကျေးရွာ ၂ ရွာ က ဒေသခံရွှေလုပ်သားတွေ စုပေါင်းပြီး လူအင်အား ၁၀၀၀ ကျော်က သူတို့နေထိုင်ရာ ကျေးရွာမြေနဲ့ အိမ်ခြေ ၁၅၀ ကျော် မရွှေ့ပြောင်းရေးအတွက် သြဂုတ် ၃၁ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

thebadekyin copyကျေးရွာမြေပေါ် က ရွှေတူးဖော်နေတဲ့ ကုမ္ပဏီတွေ အမြန်ဆုံးဖယ်ရှားပေးရေး၊ အိမ်ခြေ ၁၅၀ မရွှေ့ပြောင်းရေး၊ သဘာဝပတ်ဝန်းကျင် မပျက်စီးရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ သတ္တုတွင်းဥပဒေ နဲ့အညီ ဆောင်ရွက်ပေးရေး၊ အမှန်တရားဖော်ထုတ်ပေးရေး၊ ကျေးရွာမြေနယ်နိမိတ် အမြန်ဆုံး သတ်မှတ်ပေးရေး စတဲ့ အချက် ၇ ချက်ကို ကြွေးကြော်ပြီး ဖက်ရှည်ကျေးရွာနဲ့ ၀က်သေကျေးရွာတွေမှာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သပိတ်ကျင်းမြို့ကို ဆန္ဒဖော်ထုတ်ဖို့ သွားရောက်စဉ်မှာလည်း မြို့ဝင်မှာ အာဏာပိုင်တို့ဘက်မှ တားဆီးခဲ့တဲ့အတွက် နှစ်ဖက် တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

thebadekyin1ဖက်ရှည်ကျေးရွာနဲ့ ၀က်သေကျေးရွာ ၂ ရွာကို တရားဝင်ကျေးရွာအဖြစ် ၂၀၀၇ ခုနစ်မှာ ပြည်ထဲရေး ၀န်ကြီးဌာန ကို တောင်းဆိုခဲ့ရာ ၂၀၁၀ ခုနစ် ဇန်န၀ါရီလ ၂၀ ရက်နေ့က အဲဒီကျေးရွာတွေ အပါအ၀င် ရွာပေါင်း ၂၄ ရွာကို တရားဝင်ကျေးရွာအဖြစ် ချထားပေးခဲ့ပါတယ်။

ဒါပေမယ့် ကျးရွာပိုင်မြေပေါ်မှာ မြန်မာဂိုးဒန်းပွင့်၊ ရွှေပြည်သာ ထာဝရ စတဲ့ ရွှေနဲ့သတ္တုတူးဖော်ရေး ကုမ္ပဏီတွေ ၀င်ရောက်လုပ်ကိုင်နေတဲ့အတွက် ဒေသခံတွေ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013