DVB Logo
Home
နိုင်ငံတကာ
ဖင်လန်သမ္မတရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း စတက်ဘ် အနိုင်ရ
DVB
·
February 12, 2024
ဖင်လန်သမ္မတရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း စတက်ဘ် အနိုင်ရ
Donate to DVB

ဖင်လန်နိုင်ငံမှာ ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ ဗဟိုလက်ယာယိမ်းဝါဒီ အမျိုးသားညွန့်ပေါင်းပါတီက ဝန်ကြီးချုပ်ဟောင်း အလက်ဇန္ဒြားစတက်ဘ်က ပြိုင်ဘက် လစ်ဘရယ်ဝါဒီ ဂရင်းပါတီက ပက်ကာ ဟာဗစ္စတိုကို ကပ်အနိုင်ရသွားပါတယ်။

စတက်ဘ်ဟာ ဥရောပပေါင်းစည်းရေးလိုလားသူ၊ ယူကရိန်းဘက်က ထောက်ခံသူဖြစ်ပြီး ရုရှားအပေါ် တင်းမာတဲ့သဘောထားရှိသူလည်း ဖြစ်ပါတယ်။

မဲ ၉၉ ဒသမ ၇ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာ စတက်ဘ်က ၅၁ ဒသမ ၆ ရာခိုင်နှုန်း ရခဲ့ပြီး ဟာဗစ္စတိုက ၄၈ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ကပ်ရှုံးခဲ့တာဖြစ်ပြီး ရှုံးနိမ့်ကြောင်း ဝန်ခံသွားခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဖင်လန်နိုင်ငံဟာ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးတာကြောင့် အုပ်ချုပ်ရေးအာဏာ အများစုဟာ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ထံမှာပဲ ရှိပါတယ်။

ဒါပေမဲ့ နိုင်ငံခြားရေးနဲ့ အမျိုးသားလုံခြုံရေးတို့မှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

အရင်က ဝန်ကြီးချုပ်တာဝန်လည်း ယူဖူးတဲ့ စတက်ဘ်ဟာ သမ္မတရွေးကောက်ပွဲ ပထမအကျော့မှာ မဲအများဆုံးရခဲ့ပေမဲ့ ထက်ဝက်မကျော်ခဲ့ဘဲ မဲ ၂၇ ဒသမ ၂ ရာခိုင်နှုန်း ရခဲ့ပါတယ်။

ဒါကြောင့် ဒုတိယမဲအများဆုံးရတဲ့ ဟာဗစ္စတိုနဲ့ ဒုတိယအကျော့ ထပ်မံယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ရှည်လျားတဲ့ နယ်စပ်ထိစပ်နေတဲ့ အိမ်နီးချင်း ရုရှားနဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးပမ်းနိုင်စွမ်းရှိသူကိုသာ ဖင်လန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လေ့ရှိပြီး ရုရှားနဲ့ အဆင်မပြေဖြစ်မှာစိုးလို့ နေတိုးတပ်ဖွဲ့တောင် မဝင်ဘဲ နေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၂ မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီး နောက်ပိုင်းမှာတော့ ဖင်လန်ရဲ့ ကြားနေရပ်တည်ချက်ကို စွန့်လွှတ်ခဲ့ပြီး နေတိုးတပ်ဖွဲ့မှာပါ ပူးပေါင်းခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013