DVB Logo
Home
မြန်မာသတင်း
အဝေးသင် ကိုယ်စားကျောင်းအပ်ခ ကျပ် ၈ သောင်းခွဲအထိ ဈေးပေါက်
DVB
·
February 11, 2024
အဝေးသင် ကိုယ်စားကျောင်းအပ်ခ ကျပ် ၈ သောင်းခွဲအထိ ဈေးပေါက်
Donate to DVB

ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်တွေမှာ အဝေးသင်တက္ကသိုလ် ပထမနှစ် ကျောင်းအပ်ခ ကျပ် ၅၀,၀၀၀ သောင်းလောက် ကုန်ကျပြီး ကိုယ်စားကျောင်းအပ်မယ် ဆိုရင်တော့ ကျပ် ၈၅,၀၀၀ လောက်အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ဖွင့်လှစ်လာတဲ့ တက္ကသိုလ်တွေမှာ အဝေးသင်ကျောင်း အပ်ခတွေဟာ တနှစ်ထက်တနှစ် ပိုမိုမြင့်တက်လာခဲ့ပြီး ကိုယ်စားကျောင်းအပ်သူတွေ များပြားလာတာကြောင့်လည်း ကိုယ်စားကျောင်းအပ်ခတွေကြောင့် စုစုပေါင်း ကုန်ကျစရိတ်ဟာ ကျပ် ၈၅,၀၀၀ လောက်အထိ မြင့်တက်လာတယ်လို့ အဝေးသင်ကျောင်းသားကျောင်းသူတွေက ပြောပါတယ်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်က အဝေးသင်ကျောင်းသားတဦးက “သွားရတဲ့အခြေအနေပေါ် မူတည်ပြီးတော့ ၈ သောင်း၊ ၈ သောင်းခွဲလောက်အထိ ပေးရတယ်။ ကျောင်းအပ်သူတွေ များတဲ့အခါကျတော့ တနေကုန် အချိန်ပေးရတယ်။ အလုပ်လည်းပျက်၊ စာရေးမတွေရဲ့ အော်တာ ဟောက်တာ မခံချင်တဲ့သူတွေက ကိုယ်စားအပ်ကြတာပေါ့” လို့ ပြောပါတယ်။

အဝေးသင်ကျောင်းအပ်ခတွေအဖြစ် မှတ်ပုံတင်ကြေး ၅၀ ကျပ်၊ ကျောင်းဝင်ကြေး ၅၀ ကျပ်၊ ကျောင်းလခ ၁,၅၀၀ ကျပ်၊ စာမေးပွဲဝင်ကြေး ၁၀၀ ကျပ်၊ ပို့ချချက်စာအုပ်ဖိုး ၃၀,၀၀၀ ကျပ်၊ နောက်ကျကြေး ၆,၀၀၀ ကျပ်၊ စာရွက်စာတမ်းကြေး ၂,၅၀၀ ကျပ်၊ စုစုပေါင်း ကျပ် ၄၀,၀၀၀ ကျော်ကုန်ကျပြီး ကျန်တဲ့ ၄၀,၀၀၀ ကျော်ကတော့ ကိုယ်စားအပ်ပေးသူကို ပေးနေရတာပါ။ 

ကိုယ်စားကျောင်းအပ်ပေးသူတယောက်က “ကိုယ်တိုင် အပ်နိုင်ရင်တော့ ကိုယ်တိုင်အပ်ပါ။ အတင်းလည်း ကိုယ်စားအပ်ပါလို့ ပြောနေတာ မဟုတ်ဘူး။ အချိန်ကုန် လူပင်ပန်း သက်သာချင်ရင် အခကြေးငွေပေးပြီး ကိုယ်စားအပ်ပါ။ ကျောင်းအပ်တာ လူများရင် တန်းစီရတာ ကြာပါတယ်။ တနေ့တည်းမပြီးရင် နောက်တနေ့ ထပ်သွားရပါတယ်။ ကိုယ်က အပင်ပန်းမခံနိုင်လို့ ကိုယ်စားအပ်ခိုင်းတယ်ဆိုရင် ငွေကုန်တာမကြည့်ဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

အဝေးသင်တက္ကသိုလ်တွေနဲ့ပတ်သက်ပြီး ကိုယ်စားကျောင်းအပ်တာတွေအပြင် ကိုယ်စား အဆိုင်းမန့်ရေး၊ အဆိုင်းမန့်တင်ပေးတဲ့ ဈေးကွက်လည်း ရှိနေသလို အဲဒီအတွက်ကတော့ ကျပ် ၅ သောင်းလောက်ပေးရတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ အဝေးသင်တက္ကသိုလ် ပထမနှစ် ကျောင်းဝင်မှတ်ပုံတင်တာတွေကို ၂၀၂၃ ဒီဇင်ဘာကနေ ၂၀၂၄ မတ် ၃၁ ရက်နေ့အထိ လုပ်မှာဖြစ်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013