DVB Logo
Home
မြန်မာသတင်း
ကန်ကြီးထောင့် NLD အမတ်ကို စစ်တပ်က ဖမ်းဆီးနှိပ်စက်သဖြင့် ထောင်ဆေးရုံတွင် ကုသနေရ
DVB
·
February 11, 2024
ကန်ကြီးထောင့် NLD အမတ်ကို စစ်တပ်က ဖမ်းဆီးနှိပ်စက်သဖြင့် ထောင်ဆေးရုံတွင် ကုသနေရ
Donate to DVB

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းကို စစ်တပ်က ဖမ်းဆီးရိုက်နှက် စစ်ဆေးခဲ့တာကြောင့် စိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိပြီး ပုသိမ်ထောင်ထဲက ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဦးစိုးမိုးထွန်းဟာ စစ်တပ်အာဏာသိမ်းကတည်းက တိမ်းရှောင်နေတာဖြစ်ပြီး ကန်ကြီးထောင့်မြို့နယ်၊ မြင်းကဆိပ်ကျေးရွာက သူ့နေအိမ်ကို ခေတ္တပြန်လာတုန်းမှာ သတင်းပေးတွေကြောင့် ဇန်နဝါရီ ၁၈ ရက်နေ့ညပိုင်းက ဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်။ လက်ရှိမှာတော့ ဦးစိုးမိုးထွန်းကို ပုသိမ်မြို့၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် စစ်ကြောရေးကနေ ပုသိမ်အကျဉ်းထောင်ကို ပြောင်းရွှေ့ထားပြီး ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် ထောင်တွင်းဆေးရုံမှာ ဆေးကုသမှုခံယူနေရတာလို့ သူနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

နီးစပ်သူတယောက်က “စစ်တပ်က ရိုက်နှက်စစ်ဆေးထားလို့ သိရသလောက်တော့ အပြင်းအထန် ဒဏ်ရာတွေရရှိထားတယ်တဲ့။ အခု ထောင်ထဲက ဆေးရုံမှာ ဆေးကုသပေးနေတယ်တဲ့။ ဒါကလည်း စစ်တပ်က ဟန်ပြလုပ်ရပ်ပဲ။ ဆရာက ကျောပြင်တွေ၊ မျက်နှာတွေမှာညိုမဲ ဒဏ်ရာတွေအပြင် ပေါင်တခြမ်းကြေမွပြီး ပုပ်သွားတယ်လို့သိရတယ်။ တကယ့် စိတ်မကောင်းစရာဖြစ်ရပ်ပါ။ စစ်တပ်က ပြည်သူ့ကိုယ်စားလှယ်တွေကို အငြိုးနဲ့ နှိပ်စက်နေတာ။ ပြည်သူကို နှိပ်စက်နေတာနဲ့ အတူတူပဲလေ” လို့ ပြောပါတယ်။

ဦးစိုးမိုးထွန်းဟာ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီရဲ့  တိုင်းကိုယ်စားလှယ်အဖြစ် ကန်ကြီးထောင့်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ အခြေခံကျတဲ့ အလုပ်သမားအရေး၊ သိမ်းဆည်းခံ လယ်ယာမြေအရေး ကိစ္စတွေမှာ တက်ကြွစွာပါဝင် လှုပ်ရှားခဲ့သူလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013