DVB Logo
Home
နိုင်ငံတကာ
တရုတ်နိုင်ငံတဝန်း ရိုးရာနှစ်သစ်ကို အကောင်းမြင်စိတ်ဖြင့် ကြိုဆို
DVB
·
February 11, 2024
တရုတ်နိုင်ငံတဝန်း ရိုးရာနှစ်သစ်ကို အကောင်းမြင်စိတ်ဖြင့် ကြိုဆို
Donate to DVB

တရုတ်နိုင်ငံတဝန်း သန်းထောင်ချီတဲ့ ပြည်သူတွေဟာ တရုတ်ရိုးရာနှစ်သစ်ကို ဖေဖော်ဝါရီ ၁၀ ရက်မှာ ကြိုဆိုခဲ့ကြပြီး အများစုက အကောင်းမြင်စိတ်နဲ့ ကြိုဆိုခဲ့ကြတာပါ။

အသက် ၃၇ နှစ်အရွယ် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ ဝူယွိက ၂၀၂၃ ခုနှစ်ဟာ စီးပွားရေးအားနည်းမှုကြောင့် သူ့အတွက် ခက်ခဲတဲ့နှစ်လို့ ပြောပါတယ်။

“နောက်နှစ်မှာ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်၊ နဂါးနှစ်မှာ ‘နဂါးတွေထပြီး ကျားတွေ ခုန်တယ်’၊ ငါတို့ ပိုက်ဆံရလိမ့်မယ်လို့ မျှော်လင့်တယ်”လို့သူက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၂၃ ခုနှစ်မှာ ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး၊ တရားဝင်ပစ်မှတ်ထက် နည်းနည်းပိုလာပေမဲ့ ပြန်လည်နာလန်ထူလာမှုဟာ လေ့လာသူနဲ့ ကျွမ်းကျင်သူ အမြောက်အမြား မျှော်လင့်ထားတာထက် ပိုတုန်လှုပ်သွားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်း ထုတ်ကုန် GDP ဟာ ၂၀၂၄ ခုနှစ်မှာ ၄ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်မှာ ၄ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်မယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က ခန့်မှန်းခဲ့ပါတယ်။

စနေနေ့ဟာ နွေဦးပွဲတော်အားလပ်ရက်ရဲ့ တရားဝင် ပထမဆုံးနေ့ဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ ကျင်းပတဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံးသော အားလပ်ရက်ပါ။

စံချိန်တင်ပြည်တွင်းခရီးစဉ် ၉ ဘီလီယံလောက်ဟာ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ ရက် ၄၀ ခရီး အပြေးအလွှား သွားလာရမယ်လို့ ခန့်မှန်းထားတဲ့အကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013