DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကို၌ ရေနံယိုစိမ့်သဖြင့် လူ ၂၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း
DVB
·
February 10, 2024
မက္ကဆီကို၌ ရေနံယိုစိမ့်သဖြင့် လူ ၂၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း
Donate to DVB

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း ဟာလစ်စ်ကိုပြည်နယ်၊ တွန်နာလာမြို့မှာ နိုင်ငံပိုင် ရေနံကုမ္ပဏီ ပီမက်စ် ပိုက်လိုင်းမှ ရေနံတွေ ယိုစိမ့်ထွက်ကျမှုကြောင့် ဖေဖော်ဝါရီ ၉ ရက်က လူပေါင်း ၂၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူမရှိသလို နောက်ထပ်ဖြစ်ရပ်တွေလည်း မရှိကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ပိုက်လိုင်းမှ ယိုစိမ့်မှုဟာ ၁၅ မီတာ (ပေ ၅၀ နီးပါး) အထိ လောင်စာဆီ စီးကြောင်း ရောက်ရှိခဲ့ ပြီးတော့ လေထုထဲမှာလည်း ဓာတ်ငွေ့တွေ ပျံ့နှံ့စုပုံနေတာကြောင့် အနီးနားကျေးရွာတွေမှ ဒေသခံ တွေကို နေအိမ်တွေကနေ စွန့်ခွာဖို့ တွန်းအားပေးခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ 

လောင်စာဆီတွေ ယိုစိမ့်နေကြောင်း မနက်အစောပိုင်းမှာ သတင်းပေးပို့ခဲ့ပြီးနောက် မွန်းလွဲပိုင်းမှာ တော့ ပြန်ပိတ်ထားနိုင်ခဲ့ကြောင်း ဟာလစ်စ်ကိုပြည်နယ် အုပ်ချုပ်ရေးမှူးက X လူမှုမီဒီယာ ပလက်ဖောင်းမှာ အကြောင်းကြားထားပြီး ဘာကြောင့် ယိုစိမ့်ပေါက်ထွက်ရတယ် ဆိုတာကိုတော့ မဖော်ပြထားပါဘူး။ 

မက္ကဆီကိုနိုင်ငံဟာ သူ့ရဲ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်ကို ရာနဲ့ချီပြီး တရားမဝင် ချိုးဖျက်လုပ်ဆောင်မှုတွေကို သမိုင်းတစ်လျှောက် ကြုံတွေ့ခဲ့ရတာပါ။ 

သိပ်မကြာသေးခင်ကပဲ မက္ကဆီကိုနိုင်ငံရှိ လောင်စာဆီသန့်စင်စက်ရုံကြီး တခုရဲ့ မိုင်အနည်းငယ် အကွာမှာ လောင်စာဆီ သူခိုးတွေက ပိုက်လိုင်းကို ထိုးဖောက်ခဲ့မှုကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့တဲ့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး မတော်တဆမှု တခု ဖြစ်ပွားခဲ့ပါသေးတယ်။

၇ မီတာ (၂၃ ပေ) ရှိတဲ့ ရေနံတွင်းကနေ ပန်းထွက်လာတဲ့ လောင်စာဆီတွေကို လာဖြည့်ယူဖို့ လူအယောက် ၈၀၀ လောက်အထိ စုရုံးလာခဲ့ကြတာဖြစ်ပြီး နာရီအနည်းငယ်အကြာမှာ ပြင်းထန်တဲ့ ပေါက်ကွဲသံနဲ့အတူ မီးတောက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013