DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်ရဲဌာန ရဲစခန်းအမှတ် ၁၄ အထိ ဖွဲ့စည်းပြီး လူထုအခြေပြုလုပ်ငန်း ဆောင်ရွက်
DVB
·
February 9, 2024
ကရင်နီပြည်ရဲဌာန ရဲစခန်းအမှတ် ၁၄ အထိ ဖွဲ့စည်းပြီး လူထုအခြေပြုလုပ်ငန်း ဆောင်ရွက်
Donate to DVB

ကရင်နီပြည်နယ်မှာ ကရင်နီပြည်ရဲဌာန - KSP ရဲစခန်း ၁၄ ခုထိ ဖွဲ့စည်းခဲ့ပြီး ပြည်သူလူထုအတွက် အခြေပြုတဲ့လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ KSP အဖွဲ့ရဲ့ ပြန်ကြာရေးတာဝန်ခံ ကိုဘိုဘိုက ပြောပါတယ်။

KSP ရဲစခန်း အမှတ် ၁၄ ကို ဖေဖော်ဝါရီလထဲမှာ ဖွဲ့စည်းခဲ့ပြီး ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်ရှိ နေရာဒေသတွေမှာ ယန္တရား လည်ပတ်စေတယ်လို့ သိရပါတယ်။

“အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်ပေါ့နော်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံပြီးမှ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ ပြည်တွင်းဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ ဆိုပြီးတော့ ဖွဲ့စည်းခဲ့တာပါခင်ဗျ” လို့ သူက ပြောပါတယ်။

ပြည်သူအခြေပြုလုပ်ငန်းတွေဖြစ်တဲ့ လုံခြုံရေးစစ်ဆေးမှုတွေ၊ မူးယစ်ဆေးဝါးဆိုင်ရာ စစ်ဆေးတာ၊ အသိပညာပေး ဟောပြောတာ၊ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာ တရားစီရင်ဖို့တွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ စတာတွေကို ကွင်းဆင်းအရေးယူတာအပြင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမအပတ်မှာလည်း ကရင်နီပြည်နယ်မှာ ယာဥ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး အသိပညာပေး ဟောပြောတာ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

KSP ရဲဌာနကို သြဂုတ် ၂၅ ရက် ၂၀၂၁ ခုနှစ်ကစပြီး ဖွဲ့စည်းကာ ခုလက်ရှိအချိန်မှာတော့ ရဲဌာန ၁၄ ခုအထိ တိုးမြှင့်ဖွဲ့စည်းထားပြီး ပြည်သူအတွက် အထောက်အကူပြုမယ့် လုပ်ငန်းစဥ်တွေ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013