DVB Logo
Home
မြန်မာသတင်း
တလကျော်အတွင်း စစ်အုပ်စုကြောင့် ပြည်သူ ၁၆၀ ခန့်သေ၊ စစ်ကိုင်းနှင့် ရခိုင်မှ အများဆုံးဖြစ်
DVB
·
February 9, 2024
တလကျော်အတွင်း စစ်အုပ်စုကြောင့် ပြည်သူ ၁၆၀ ခန့်သေ၊ စစ်ကိုင်းနှင့် ရခိုင်မှ အများဆုံးဖြစ်
Donate to DVB

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ဒီကနေ့အထိ အချိန် ၁ လကျော်အတွင်း အကြမ်းဖက် စစ်အုပ်စုကြောင့် နိုင်ငံတဝန်း ပြည်သူ ၁၅၇ ယောက် သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်တွေက အများဆုံးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ သေဆုံးသူတွေထဲ အသက် ၁၈ နှစ်အောက် သေဆုံးသူ ၂၅ ယောက်ထိ ပါဝင်နေပြီး စစ်ကိုင်းတိုင်းက ၄၆ ယောက်၊ ရခိုင်ပြည်နယ်က အယောက် ၃၀ စီ အသီးသီး ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီထဲမှာ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄၅ ယောက်နဲ့ အများဆုံးဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးသူ အရေအတွက်မှာ ၄၄ ယောက်နဲ့ ဒုတိယအများဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်း ၃ နှစ်ကျော်အတွင်းမှာတော့ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၅၀၇ ယောက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၂၆,၀၃၈ ယောက်ထိ ရှိလာခဲ့ပြီလို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၀၇၁ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၇၇၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၉ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၅,၉၆၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013