DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် MOU မြန်မာအလုပ်သမား ၈ ဦး အလုပ်က မောင်းထုတ်ခံရ
DVB
·
February 9, 2024
ထိုင်းတွင် MOU မြန်မာအလုပ်သမား ၈ ဦး အလုပ်က မောင်းထုတ်ခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ လက်ချဘန်းမြို့မှာ နှစ်နိုင်ငံသဘောတူညီမှုစာချုပ် (MOU) စနစ်နဲ့ လာရောက်အလုပ်လုပ်ကိုင်ခဲ့တဲ့ မြန်မာအလုပ်သမား ၈ ဦးဟာ သူဌေးဆီက လုပ်ခလစာ ဘတ် ၁ သိန်းကျော် ပြန်လည်ရရှိခဲ့ပေမဲ့ အလုပ်က မောင်းထုတ်ခံခဲ့ရတယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီက သိရပါတယ်။

ချွန်ပူလီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုဖြစ်တဲ့ Thanasakkosaing Limited Parnership မှာ အလုပ်လုပ်ကိုင်ဖို့အတွက် မြန်မာအလုပ်သမား အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၃ ဦးဟာ မြန်မာနိုင်ငံမှ စစ်သွေးညီကုမ္ပဏီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုပြီး ဒီဇင်ဘာအကုန်မှာ အလုပ်စဝင်ခဲ့ပါတယ်။

မြန်မာအလုပ်သမား ၈ ဦးဟာ အလုပ်စဝင်ပြီး ၂ လကြာတဲ့အထိ သူဌေးက လုပ်ခလစာ မရှင်းပေးတာကြောင့် WAG အဖွဲ့ထံ အကူအညီ တောင်းခံခဲ့ပြီးနောက် ဖေဖော်ဝါရီ ၈ ရက်က လုပ်အားခ ၂ လစာ ၁၀၉,၀၈၂ ဘတ် ပြန်လည်ရရှိခဲ့ပေမဲ့ သူဌေးက အလုပ်ကနေထုတ်ပြီး အဆောင်ကနေပါ မောင်းထုတ်ခဲ့ပါတယ်။

WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက “သူတို့ကို သူဌေးက လုပ်ခမပေးဘဲ မောင်းထုတ်နေတယ်လို့ အကူအညီတောင်းတော့ သက်ဆိုင်ရာ ဆာဝါဒီကန်ရုံးတွေကတဆင့် လုပ်အားခပြန်ရဖို့ ဆောင်ရွက်ခဲ့တာ၊ ဘတ် ၁ သိန်းကျော် ရတယ်။ ပိုက်ဆံပေးပြီးပြီးချင်း သူဌေးက အလုပ်သမားတွေကို အလုပ်ထုတ်ပြီး ခြံဝင်းအပြင်ကို မောင်းထုတ်ခဲ့တယ်။ အေဂျင်စီကလာကြိုပြီး အလုပ်ရှာပေးမယ်‌ဆိုပြီး မလာသေးဘူး။ အလုပ်သမားတွေက ညက လမ်းဘေးမှာပဲ နေလိုက်ရတယ်။ ဒီမနက်ကြတော့ သက်ဆိုင်ရာ ဆွေမျိုးတွေဆီကို သွားနေကြတယ်” လို့ ပြောပါတယ်။

အလုပ်သမားတွေကို အေဂျင်စီက အလုပ်ပြန်ရှာပေးမယ်လို့ ပြောထားပေမဲ့ အလုပ်သမားတွေကော WAG အဖွဲ့ကပါ အခုအချိန်ထိ အေဂျင်စီကို ဆက်သွယ်လို့ မရသေးဘူးလို့ သူကဆက်ပြောတယ်။

အလုပ်သမားတွေ လုပ်ခမရတာနဲ့ အလုပ်ပြန်မရှာသေးတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက အေဂျင်စီကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၅ ဦးကိုလည်း ဇန်နဝါရီလအတွင်းက အလုပ်ရှင်က အလုပ်သမားလက်မှတ် လုပ်ပေးဖို့ ပိုက်ဆံတောင်းပြီး မလုပ်ပေးတဲ့အပြင် လစာမပေးဘဲ အလုပ်က ထုတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013