DVB Logo
Home
မြန်မာသတင်း
အသေးစားနှင့်အလတ်စား ဆန်လုပ်ငန်းရှင်များ အများပိုင်ကုမ္ပဏီစုဖွဲ့ရန် ဆန်စပါးအသင်းအကြံပြု
DVB
·
August 31, 2014
အသေးစားနှင့်အလတ်စား ဆန်လုပ်ငန်းရှင်များ အများပိုင်ကုမ္ပဏီစုဖွဲ့ရန် ဆန်စပါးအသင်းအကြံပြု
Donate to DVB

တရုတ်နိုင်ငံက မြန်မာ့ဆန်ကို တရားဝင် တင်သွင်းခွင့်ပြုရင် မန္တလေးမြို့နဲ့ နယ်စပ်ဒေသက အသေးစား အလတ်စား ဆန်လုပ်ငန်းရှင်တွေ အနေနဲ့ အများပိုင် ကုမ္ပဏီစုဖွဲ့ပြီး စနစ်ပြောင်း လုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းတာဝန်ရှိသူက ပြောပါတယ်။

မြန်မာဆန်တွေ ပိုးမွားကင်းစင်ရေး ဆောင်ရွက်နေတာတွေကို လေ့လာဖို့ အတွက် တရုတ်နိုင်ငံ AQSIQ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ အဖွဲ့ မြန်မာနိုင်ငံကိုလာရောက်ခဲ့အပြီး တရုတ်ဘက်က တရားဝင် ဆန်တင်ပို့ခွင့်ပြုပေးခဲ့မယ်ဆိုရင် နယ်စပ်ဒေသမှာ အကြီးစား လုပ်ငန်းတွေ ၀င်ရောက်လာမှာ ဖြစ်တဲ့ အတွက် နယ်စပ်က အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေ အနေနဲ့ စိုးရိမ်ပူပန်မှုတွေရှိနေတဲ့အပေါ် အခုလို အကြံပေးခဲ့တာဖြစ်ပါတယ်။

[caption id="attachment_37842" align="alignright" width="300"](Photo_ Reuters) (Photo_ Reuters)[/caption]နယ်စပ်ဒေသမှာ ဆန်လုပ်ငန်းကို အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေက အဓိကထား လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

မြန်မာဆန်စပါးအသင်းက တာဝန်ရှိသူတွေနဲ့ AQSIQ ကိုယ်စားလှယ်တွေ ရန်ကုန်မှာ တွေ့ဆုံပြီး အရည်အသွေး စစ်ဆေးမှုနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့သလို တင်ပို့ခွင့်တရားဝင် ဖြစ်သွားရင် ပြင်ဆင်ထားဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
“ကျနော်တို့အနေနဲ့ နယ်စပ်အသင်းတွေရော မန္တလေးက အဖွဲ့တွေရောပေါ့နော်။ အခု ခေတ်ကပြောင်းသွားပြီဆိုတော့ ရန်ကုန်မှာ ကုမ္ပဏီတွေစုပြီးဖွဲ့တဲ့အချိန်မှာ တနိုင်တပိုင် အနေနဲ့လည်း စနစ်ပြောင်းသွားတဲ့ အနေအထားရှိတာပေါ့။ ကျနော်အနေနဲ့ ဒါတွေကို ပြင်ဆင်ထားမှ ရမယ်။”

နယ်စပ်က ဆန်ကုန်သည်တွေကလည်း သြဂုတ်လဆန်းပိုင်းတုန်းက တရုတ်နိုင်ငံက စီးပွားရေး ကောင်စစ်ဝန်နဲ့ တွေ့ဆုံစဉ်မှာ နယ်စပ်က ဆန်ကုန်သည်တွေ အနေနဲ့ တက်ရောက်ခွင့်ရခဲ့ပေမယ့် ဒီအဖွဲ့နဲ့တော့ တွေ့ဆုံခွင်ံမရတဲ့အတွက် AQSIQ အဖွဲ့နဲ့ ဆွေးနွေးတဲ့အကြောင်းအရာတွေကိုလည်း သိချင်နေ ပါတယ်။

မြန်မာနိုင်ငံရဲ့ပြည်ပဆန်တင်ပို့မှု စုစုပေါင်းပမာဏရဲ့ ၈၀ ရာခိုင်နှုန်းကို တရုတ်ကို နယ်စပ်ကနေ မြန်မာဘက်က တရားဝင်တင်ပို့နေပေမယ့် တရုတ်နိုင်ငံဘက်က တရားဝင်တင်သွင်းခွင့်ပြချက် မပေးပါဘူး။ သြဂုတ်လဆန်းပိုင်းတုန်းက တရုတ်နိုင်ငံက နယ်စပ်က တရားမ၀င်ဆန်တင်သွင်းမှုကို တင်းကျပ်တဲ့အတွက် ဗီယက်နမ်နဲ့ မြန်မာ့ဆန်တွေ တင်ပို့နိုင်ရေး အခက်အခဲကြုံခဲ့ရပါတယ်။

ဒီနေတရုတ်မြန်မာနယ်စပ်မှာတော့ နယ်စပ်မှာဆန်တင်သွင်းတာကို တရုတ်ဘက်က မတားမြစ်ခင်က ရှိနေတဲ့ ဆန်ဈေးအနေအထားကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

တရုတ်ကိုယ်စားလှယ်အဖွဲ့ အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံသလို စပါးကွင်းတွေ ဆန်စက်တွေ၊ ဆန်စပါးကုမ္ပဏီတွေ ဆန်တင်ပို့တဲ့ ဆိပ်ကမ်းတွေနဲ့ ပိုးမွှား ကင်းစင်ရေး ဆောင်ရွက်ချက်တွေကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။

နှစ်နိုင်ငံ တရားဝင်တင်ပို့နိုင်ဖို့အတွက် အရည်အသွေး စစ်ဆေးတဲ့ သဘောတူညီချက်ကို လတ်မှတ် မထိုးနိုင်တဲ့အတွက် မြန်မာဆန်တင်ပို့မှုကို တရုတ်က တရားမ၀င်အဖြစ် သတ်မှတ်ထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013