DVB Logo
Home
မြန်မာသတင်း
လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရန်  NUG နှင့် IEC တို့ တောင်းဆို
DVB
·
February 8, 2024
လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရန်  NUG နှင့် IEC တို့ တောင်းဆို
Donate to DVB

လေယာဉ်မပျံသန်းရ (No Fly Zone) သတ်မှတ်ပေးဖို့ပါဝင်တဲ့ အချက် ၄ ချက်ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) တို့က နိုင်ငံတကာကို  ပူးတွဲ တောင်းဆိုလိုက်ပါတယ်။

အပြစ်မဲ့ပြည်သူတွေနဲ့ ကလေးငယ်တွေ အသက်ဆုံးရှုံးမှုတွေကနေ ကာကွယ်ဖို့ No Fly Zone သတ်မှတ်ပေးရန် အပါအဝင် အချက်လေးချက်ပါ ပူးတွဲတောင်းဆိုချက်ကို NUG နဲ့ IEC တို့က ဖေဖော်ဝါရီ ၈ ရက်ကကျင်းပတဲ့ ဒီးမော့ဆိုစာသင်နိုင်ငံတကာကို ကျောင်းများ ပစ်မှတ်ထားတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက “အဓိကတောင်းဆိုချက် ၄ ချက်ကို IEC နဲ့ ပူးတွဲပြီး နိုင်ငံတကာကို တောင်းဆိုချင်ပါတယ်၊ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေ ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အုံပေါ်ကို လေယာဉ်ပျံသန်းမှု မရှိအောင် No Fly Zone သတ်မှတ်ပေးဖို့၊ နိုင်ငံတကာက စစ်တပ်ကိုလေယာဉ်ဆီရောင်းချပေးနေတာတွေကို အပြီးသတ် ရပ်တန့်ပေးဖို့၊ နောက်တခုက စစ်ရာဇာဝတ်မှုတွေ နိုင်ငံတကာ တရားရုံးတွေမှာ အရေးယူ ဆောင်ရွက်နိုင်ဖို့ ဝိုင်းဝန်းကူညီပေးဖို့ပါ။ နောက်ဆုံး တချက်ကတော့ ပြည်သူတွေရဲ့ လုံခြုံအတွက် လေယာဉ်အချက်ပြစနစ်တွေ လေကြောင်းရန်အသိပေးတဲ့ နည်းပညာပိုင်းဆိုင်ရာတွေ အကူအညီပေးဖို့ ကမ္ဘာကြီးကို တောင်းဆိုပါတယ်” လို့ ပြောပါတယ်၊

၃ နှစ်တာအတွင်းမှာ NUG အစိုးရအနေနဲ့ လေကြောင်းရန်ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်တာတွေ ဗုံးခိုကျင်းတွေတူးပေးနေတာတွေ ရှိပေမဲ့ လေယာဉ်နဲ့ လာရောက်ပစ်ခတ်စဉ်မှာ ကြုံတွေ့နိုင်တဲ့တခြား အခြေအနေတွေကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်၊

စစ်ကောင်စီရဲ့ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းနဲ့ တိုက်ခိုက်နေတဲ့အပေါ် ကရင်နီ စစ်ရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေဆောက်လုပ်တာနဲ့ လေကြာင်းရန် သတိပေး ကိရိယာတွေ တပ်ဆင်ဖို့ကိုလည်း အကူအညီတွေ လိုအပ်နေကြောင်းကို ကရင်နီပြည်ကြားကာလကောင်စီ အတွင်းရေးမှူး ၂ ကိုဗညားက ပြောပါတယ်

“စစ်ရှောင်စခန်းတွေ သင်ကြားဖို့ အဆောက်အအုံအကြီးတွေထက်စာရင် အတော်အသင့် အခန်းလေးတွေ လုပ်ပြီး ထင်းထင်းကြီး မဖြစ်အောင် စီမံရတာတွေရှိပါတယ်၊ အခုတော်တော်များများကတော့ ရှိရင်းစွဲကျောင်းတွေမှာ သင်ကြားပေးတာထင် အိမ်‌လေးတွေ တခြားဘာသာရေးအဆောက်အအုံတွေမှာ မဟုတ်လည်း သီးသန့်လေး ဆောက်လုပ်ထားတဲ့ ကျောင်းတွေနဲ့ပဲ ကျနော်တို့သွားနေတာများပါတယ်၊ နောက်တခုကတော့ ဗုံးခိုကျင်းလေးတွေ သေချာတည်ဆောက်နေတာလည်းရှိပါတယ်၊ ပြီးတော့ တလတခါလောက်ပညာပေးပြီး ပြင်ဆင်တာမျိုးတွေလည်း လုပ်ဖို့လိုပါတယ်၊ အဲတာတွေက အကုန်အကျတွေများပါတယ်၊ နောက်ဆုံး တခုကတော့ လူထုကို အသိပေးဖို့ ကျောင်းတွေမှာ သတိပေးတဲ့ ဟွန်းတွေ တပ်တာမျိုး အပေါ်မှာ အနီးအနားကျော်လာပီဆိုရင် communication device တွေ တပ်ဖို့ လိုပါတယ်၊ တိုက်ခိုက်မှုရန်တွေက ကာကွယ် ဖို့ ပုန်းခိုဖို့ အဲတာတွေ လုပ်ဖို့ အကူအညီတွေ လိုပါတယ်” လို့ ပြောပါတယ်၊

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အာဏာသိမ်းစကနေ ၂၀၂၄ ဖေဖော်ဝါရီ ၆ ရက်ထိ  စာသင်ကျောင်း ၅၂ ကျောင်းအပါအဝင် လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ ကျောင်းထဲ ဝင်ရောက်ဖျက်စီးမှုတွေကြောင့် စုစုပေါင်း ၁၉၉ ကျောင်းပျက်စီးခဲ့ပြီး ၁၈ နှစ် အောက်ကလေးငယ် ၆၃၀ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရစာရင်းတွေအရ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013