DVB Logo
Home
မြန်မာသတင်း
နယ်ခြားစောင့်တပ်မှူးများ ထွက်မပြေးခင်ကတည်းက လက်နက်များ ရောင်းချခဲ့ဟု အေအေပြော
DVB
·
February 8, 2024
နယ်ခြားစောင့်တပ်မှူးများ ထွက်မပြေးခင်ကတည်းက လက်နက်များ ရောင်းချခဲ့ဟု အေအေပြော
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းနှစ်ခုက တပ်မှူးတွေဟာ လက်နက်ခဲယမ်းတွေကို ဘင်္ဂါလီ လက်နက်ကိုင်နှစ်ဖွဲ့ ARA၊ RSO တို့နဲ့ ကြိုတင်ညှိုနှိုင်းမှုပြုလုပ်ကာ ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ၁၀ သန်းနဲ့ ရောင်းချခဲ့တယ်လို့ ဖေဖော်ဝါရီ ၇ ရက်ညမှာ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ တောင်ပြို (လက်ဝဲ/လက်ယာ) စခန်း နှစ်ခုစလုံးကို အေအေက သိမ်းခိုက်တိုက်ပိုက်ခဲ့တာပါ။ 

စခန်းနှစ်ခုလုံး မသိမ်းခံရခင်ကတည်းက စစ်ကောင်စီ နယ်ခြားစောင့်တပ်မှူးတွေနဲ့ ARA နဲ့ RSO တပ်ဖွဲ့ဝင်တွေ ကြိုတင်ညှိုနှိုင်းမှု ပြုလုပ်ခဲ့ကာ နားလည်မှု ရယူထားခဲ့ပြီး ထွက်ပြေးဖို့ အခြေအနေ ကြုံလာပါက စခန်းတွေက လက်နက်ခဲယမ်းတွေကို ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ဆယ်သန်းနဲ့ ရောင်းချဖို့ ကြိုတင်ညှိနှိုင်းထားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးနိုင်အောင် ARA အဖွဲ့ဆီက အကူအညီ တောင်းခံခဲ့ပြီး ARA အဖွဲ့ကလည်း ထွက်ပြေးနိုင်အောင် ကူညီပေးခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေဆီက သိရတယ်လို့ ဆိုပါတယ်။

မောင်တောမြို့နယ်က စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တွေနဲ့ ARA (Arakan Rohingya Army) အဖွဲ့တို့ဟာ ရင်းနှီးတဲ့ဆက်ဆံရေးအပြင် အပေးအယူတွေ ရှိကြတယ်လို့ ရက္ခိုင့်တပ်တော်က ဖော်ပြထားပါတယ်။

တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ မောင်တောမြို့နယ်က တောင်ပြို လက်ဝဲ လက်ယာ စခန်းတွေ အသိမ်းခံလိုက်ရတဲ့အတွက် စစ်ကောင်စီတပ်သား ၂၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ စစ်ကောင်စီတပ်သားတွေကို ပြန်ပို့ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

ရက္ခိုင့်တပ်တော်က သိမ်းဆည်းရမိတဲ့ ARA တပ်စခန်းထဲမှာ တောင်ပြို လက်ဝဲ လက်ယာ ရဲမှူးတွေက တာကာ ၁၀ သန်းနဲ့ ရောင်းချခဲ့တဲ့ လက်နက်ခဲယမ်းတွေအပြင် ရက္ခိုင့်တပ်တော်က သိမ်းပိုက်နေစဉ် စပ်ကြား အဆိုပါဗျူဟာစခန်းများရှိ လက်နက်ဂိုဒေါင်တွေမှ လုယူသွားတဲ့ လက်နက်ခဲယမ်းတွေ၊ ပလတ်စတစ်လက်နက်တွေ၊ WY မူးယစ်ဆေးဝါး ၆၉ ထုပ်နဲ့ ရေခဲ ၂၈ ထုပ်တို့ကိုလည်း ARA စခန်းအတွင်းက သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဘင်္ဂလား-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့် တောင်ပြို (လက်ဝဲ-လက်ယာ) တပ်စခန်းနှစ်ခုတို့ကို ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၄ ရက် မနက် ၅ နာရီ ၁၀ မိနစ်မှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အဲဒီနေ့ ညနေ ၆ နာရီလောက်မှာ စခန်းနှစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013