DVB Logo
Home
မြန်မာသတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်မျိုးဆက်များတွေ့ဆုံပွဲ ကျင်းပ
DVB
·
August 30, 2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်မျိုးဆက်များတွေ့ဆုံပွဲ ကျင်းပ
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်မျိုးဆက်များတွေ့ဆုံပွဲကို ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပခဲ့ပါတယ်။

၁၉၈၈ ခုနှစ်ကနေ ၂၀၁၄ အထိခေတ်အဆက်ဆက် တာဝန်ယူခဲ့ကြတဲ့ အမျိုးးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်မျိုးဆက်တွေတွေဆုံခဲ့ကြတာပါ။ အဲဒီပွဲကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက လူငယ်မျိုးဆက် ၁၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

d4တွေ့ဆုံပွဲစီစဉ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌဦးမြင့်ဌေး ကတော့ ၂၀၁၁ ခုနှစ်မှာ ပထမဆုံးလူငယ်တွေ့ဆုံပွဲကြောင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ပံ့ပိုးနိုင်ခဲ့ပြီး
အခုတွေ့ဆုံပွဲကလည်း လာမယ့်ရွေးကောက်ပွဲတွေမှာ အဖွဲ့ချုပ်ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်မယ်လို့ ပြောပါတယ်။
“၂၀၁၁ ခုနှစ်မှာ ပထမဆုံး ပထမဆုံးလူငယ်တွေ့ဆုံပွဲလုပ်နိုင်တဲ့အတွက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို အရင်တာဝန်ယူခဲ့ဖူးတဲ့သူတွေက ပံ့ပိုးနိုင်ခဲ့သလို လက်ရှိ မကြာခင်မှာ ဖြတ်သန်းရတော့မယ့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများအတွက် လက်ရှိတာဝန်ယူနေကြတဲ့ လူငယ်အသီးသီးနဲ့ ယခင်တုန်းက အဖွဲ့ချုပ် လူငယ်မှာ ခေတ်အဆက်ဆက် တာဝန်ယူခဲ့တဲ့ လူငယ်တွေ ပူးပေါင်းပြီးတော့ ကျနော်တို့ အဖွဲ့ချုပ်က လူငယ်တွေ ပူးပေါင်းပြီးတော့ အဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော် နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေလည်း ပါဝင်ပါတယ်။”

တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း ၂၀၁၄ ခုနှစ်က ၂၀၁၅ ခုနှစ်မရောက်ခင် ဒီမိုကရေစီပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီး လူငယ်တွေအနေနဲ့ အရေးကြီးပြီး ပခုံးပြောင်းတာဝန်ယူဖို့ လိုတယ်လို့လည်း အခုလိုပြောပါတယ်။
“ရှေ့လာမယ့် ၂၀၁၄ အပြီး ၂၀၁၅ မရောက်ခင် နိုင်ငံတော်ရဲ့ အခြေအနေတွေကို ပြုပြင်ပြောင်းလဲနိုင်တဲ့ အတိုင်းအတာတွေ ဒီမိုကရေစီအတွက်ကို ဘယ်လောက်အထိ လုပ်ပေးနိုင်သလဲဆိုတာ အရေးတကြီး အားကိုးရမယ့် လူငယ်ပိုင်းဖြစ်တဲ့အတွက် ရှေ့ နောင်တော့်နောင်တော် အမျိုးသမီး၊ အမျိုးသား လူငယ်များတွေရဲ့ ဆင်းရဲပင်ပန်းခံ ဒုက္ခခံသွားတဲ့ ဟာတွေကို ဆက်လက်ပြီးတော့ ပုခုံးထမ်းတာဝန်တွေနဲ့ ယနေ့ ခေါင်းဆောင်ကောင်း ဖြစ်နိုင်ကြပါစေလို့။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် လူငယ်မျိုးဆက်များ တွေ့ဆုံပွဲကို ၂၀၁၁ ခုနှစ်က ကျင်းပခဲ့ပေမယ့် ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ခဲ့ပဲ အခုတွေ့ဆုံပွဲကတော့ ဗဟိုချုပ်ကိုင်မဟုတ်ပဲ ဒီမိုကရေစီနည်းလမ်းတကျနဲ့ ကျင်းပခဲ့တဲ့ တွေ့ဆုံပွဲဖြစ်တယ်လို့လည်း အန်အယ်လ်ဒီ က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ရန်ကုန်မြို့မှာပဲ ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013