DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုကြောင့် ၁ လကျော်အတွင်း ကလေး ၂၀ ကျော် သေဆုံး
DVB
·
February 8, 2024
လေကြောင်းတိုက်ခိုက်မှုကြောင့် ၁ လကျော်အတွင်း ကလေး ၂၀ ကျော် သေဆုံး
Donate to DVB

အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၇ ရက်အထိ နိုင်ငံတဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် မိန်းကလေး ၄ ယောက်နဲ့ ယောကျ်ားလေး ၁၆ ယောက်၊ စုစုပေါင်းကလေးသူငယ်အယောက် ၂၀ သေဆုံးခဲ့ရတယ်လို့ အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ သိရပါတယ်။ =

ဖေဖော်ဝါရီ ၅ ရက်မနက်ကလည်း ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆီအီးကျေးရွာနဲ့ လွိုင်နန်းဖကျေးရွာတွေက စာသင်ကျောင်းနှစ်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့  ၁၀ ကြိမ်လောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စက်သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ 

အဲဒီလို ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ဒေါဆီအီးကျေးရွာထဲက စာသင်ကျောင်းပေါ် ဗုံးကျရောက် ပေါက်ကွဲခဲ့ပြီး စာသင်ကြားနေတဲ့ ကျောင်းသား ခွန်းအယ်လယ်သ၊ ခွန်းအယ်ဒိုထူး၊ ခွန်း စန်းလှိုင်နဲ့ ခွန်းခရစ္စတိုဖာတို့မှာ ဗုံးစထိမှန် သေဆုံးခဲ့ကာ တခြားကျောင်းသူ၊ ကျောင်းသား ၂၇ ယောက်လောက် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြတယ်လို့ အေအေပီပီက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၃ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ် ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၄,၅၀၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၆,၀၁၃ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၀၆၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၇၆၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၉ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၂ ယောက် ရှိပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၉၅၃ ယောက်ရှိခဲ့တယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013