DVB Logo
Home
မြန်မာသတင်း
မန္တလေးစည်းကမ်းဖောက်ယာဉ် အမှုပေါင်း ၄၉၀ မှုရှိ
DVB
·
August 30, 2014
မန္တလေးစည်းကမ်းဖောက်ယာဉ် အမှုပေါင်း ၄၉၀ မှုရှိ
Donate to DVB

မန္တလေး စည်ပင်သာယာနယ်နိမိတ်အတွင်း စည်းကမ်းဖောက်ဖျက်တဲ့ စားသောက်ဆိုင်တွေနဲ့ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်တွေကို စီမံချက်ချပြီး အရေးယူ ဆောင်ရွက်နေတာ ၁၇ ရက်အတွင်း ဒဏ်ရိုက်အရေးယူခဲ့တဲ့ အမှုပေါင်း ၄၉၀ ရှိတယ်လို့ မြို့တော်စည်ပင်သာယာရေး ကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောပါတယ်။

မန္တလေးမြို့အတွင်း ယာဉ်စည်းကမ်းဖောက်ဖျက်တာကြောင့် ယာဉ်ကျောကျပ်တာတွေ ဖြစ်ပွားနေတာကို ဖြေရှင်းတဲ့အနေနဲ့ သြဂုတ် ၁၂ရက်ကစပြီး စီမံချက်ချဖမ်းဆီး အရေးယူ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

[caption id="attachment_62263" align="alignright" width="300"]ဓာတ်ပုံ - Zaw Zaw Diana Facebook ဓာတ်ပုံ - Zaw Zaw Diana Facebook[/caption]စီမံချက်ကာလအတွင်း ဖမ်းဆီးအရေးယူခဲ့ပုံကို မန္တလေးစည်ပင်သာယာအဖွဲ့က တွဲဘက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်း အခုလို ပြောပါတယ်။
“၁၂ ရက် ၈ လကနေပြီး ၂၂ ရက် ၈ လအထိ အားလုံးပေါင်း ကားဆိုင်ယ် ဖမ်းဆီးအရေးယူမှု ပေါင်း ၄၉၀ ရှိတယ်။ ဒဏ်ရိုက်တာပေါ့။ ဒဏ်က ၁ သောင်းကနေ ၃ သိန်းအထိရှိပြီး ကျနော်တို့က ၃ သောင်းရိုက်တယ်။ ၂ ထပ်ရပ်တာရော၊ မရပ်ရနေရာတွေမှာ ရပ်တာရော စုစုပေါင်းပေါ့။ ဆိုင် ၃ ဆိုင်ရှေ့ကနေ ကားနဲ့ ဆွဲတာတွေရှိတယ်။ လိုင်စင်တော့မပိတ်ပါဘူး။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် ပြီးရင်တော့ လိုင်စင်ပိတ်မှာပေါ့။ ”

ဖမ်းဆီးအရေးယူတဲ့နေရာမှာ နယ်မြေခံရဲ၊ စည်ပင်သာယာရဲတပ်ဖွဲ့နဲ့ အရံမီးသတ်တပ်ဖွဲ့တို ပူးပေါင်းပါ ၀င်ပြီး အရပ်ဝတ်နဲ့လူတွေ ပါဝင်ခြင်း မရှိဘူးလို့ ပြောပါတယ်။

မန္တလေးမြို့ခံ သတင်းအယ်ဒီတာ ကိုစန်းယုကျော်ကတော့ စည်းကမ်းဖောက်ဖျက်တဲ့ ဆိုင်ကယ်နဲ့ မော်တော်ကားတွေကို ဖမ်းဆီးအရေးယူနေတာ တွေ့နေရပေမယ့် ယာဉ်ကျောကျပ်တာ သိသိသာသာ ရှင်းသွားတာတော့ မရှိသေးဘူးလို့ ပြောပါတယ်။

“ယာဉ်ကျော ပိတ်ဆို့တာ အဲဒီတခုတည်းနဲ့တော့ မဟုတ်ဘူးဗျ။ မန္တလေးမှာရှိတဲ့ လမ်းတွေ လမ်းတွေက တိုတယ်။ တိုတဲ့အခါမှာ မီးပွိုင့်တွေနေရာမှာ ယာဉ်ကျောတွေ ပိတ်နေတုန်းပဲ။ ယာဉ် ၂ မရပ်ဖို့ ဆိုင်းဘုတ်တွေလည်း တွေ့လာရတယ်။ သို့ပေမယ့် အဲဒါတွေက ယာဉ်ကျောပိတ်ဆို့မှုရဲ့ အပိုင်းအစလေးတခုပဲ ရှိသေးတယ်။ အခြားဟာတွေ ရှိသေးတယ်။ စည်းကမ်းလုပ်တဲ့အချိန်မှာ တော့ ရှင်းတယ်။ ကျန်တဲ့အချိန်တွေမှာ သွားရလာရတာ သိသိသာသာ ရှင်းသွားတယ်လို့တော့ မရှိပါဘူး။”

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကတော့ စည်းကမ်းဖောက်ဖျက်တဲ့ စားသောက်ဆိုင်နဲ့ ယာဉ်တွေကို အချိန်ကာလ သတ်မှတ်ချက်မထားဘဲ စီမံချက်နဲ့ ဆက်လက်အရေးယူသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားကြောင်းပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013