DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါနယ်က ဒေသခံများအတွက် ကျပ်သိန်း ၃၀၀ ထောက်ပံ့
DVB
·
February 7, 2024
ဂန့်ဂေါနယ်က ဒေသခံများအတွက် ကျပ်သိန်း ၃၀၀ ထောက်ပံ့
Donate to DVB

Global Yaw Funding အဖွဲ့က ရောင်နီလာပြီယောဌာ‌နီ ပရောဂျက်ကနေရရှိတဲ့ငွေထဲ‌က ကျပ်သိန်း ၃၀၀ ကို မကွေးတိုင်း  ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေတဆင့် ပြည်သူတွေကို ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ ဂန့်ဂေါပအဖ က ပြောပါတယ်။

ဂန့်ဂေါနယ်က စစ်ဘေးရှောင်စခန်း ၁၄ ခုအတွက် ကျပ်သိန်း ၁၀၀၊ ကျန်းမာရေးကဏ္ဍအတွက် ကျပ်သိန်း ၁၀၀ နဲ့ ကျောင်းသုံးပစ္စည်းများ ဝယ်ယူနိုင်ဖို့ ကျပ်သိန်း ၁၀၀ စုစုပေါင်း ကျပ်သိန်း ၃၀၀ ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဒုခေါင်းဆောင် ဦးစိုးလွင်က "ကျနော်တို့ ၁၀ ရက် ၁၂ လပိုင်းကစ တင်ပြခဲ့တာကနေ ရရှိထားတဲ့ငွေတွေပါ။ အခုချိန်ထိ ကူညီထောက်ပံ့နေပါသေးတယ်။‌ ပျူစောထီးရွာက ထွက်ပြေးလာတဲ့သူ များလာတာနဲ့အမျှ ကျနော်တို့ကူညီထောက်ပံ့မှုတွေလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။ ကျနော်တို့ ဂန့်ဂေါနယ်က ပြည်သူတွေကို ထောက်ပံ့ပေးတဲ့ Global Yaw Funding အဖွဲ့ကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောချင်ပါတယ်" လို့ ပြောပါတယ်။

Global Yaw Funding အဖွဲ့ဟာ ယောဒသက ဒေသခံတွေအတွက်ဖွဲ့ စည်းထားတဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး ‌‌ကံစမ်းမဲလက်မှတ်ပရောဂျက်တွေ ပြု‌လုပ်ကာ ယောနယ်က စစ်ဘေးရှောင်အရေး၊ ပ ညာရေး၊ ကျန်းမာရေးကဏ္ဍအသီးသီးအတွက် ထောက်ပံ့ပေးနေပါတယ်။

လက်ရှိမှာတော့ ဂန့်ဂေါနယ်မှာ စစ်ကောင်စီရဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှု နဲ့‌ ကျေးရွာတွေမှာ တပ်စွဲထားမှု‌တွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် သောင်းနဲ့ချီရှိနေပြီး စစ်ဘေးရှောင်စခန်း ၁၄ ခုဖွင့်ထားကာ ဂန့်ဂေါပအဖက ထောက်ပံ့ကူညီ‌ပေးမှုတွေ လုပ်ဆောင်ပေးနေပါတယ်။

လတ်တလောမှာ စစ်ကောင်စီက ဂန့်‌ဂေါမြို့နယ် မြောက်ပိုင်းကို မကြာခဏ စစ်ကြောင်း ထိုးစစ်ဆင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ပြုလုပ်နေတာကြောင့် ဒေသခံထောင်ချီ ဘေးလွတ်ရာဒေတွေမှာ တိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013