DVB Logo
Home
နိုင်ငံတကာ
တရုတ်ထံမှ ဒေါ်လာ သန်း ၃၅၀ ချေးငွေယူရန် ဘိုလီးဗီးယားအစိုးရ လက်မှတ်ထိုး
DVB
·
February 7, 2024
တရုတ်ထံမှ ဒေါ်လာ သန်း ၃၅၀ ချေးငွေယူရန် ဘိုလီးဗီးယားအစိုးရ လက်မှတ်ထိုး
Donate to DVB

တောင်အမေရိကတိုက်က ဘိုလီးဗီးယားနိုင်ငံရဲ့ ပထမဆုံး သွပ်ပြားထုတ်လုပ်ရေးစက်ရုံကို တည်ဆောက်ဖို့ တရုတ်နိုင်ငံရဲ့ ပို့ကုန်သွင်းကုန်ဘဏ်ကနေ ဘဏ္ဍာငွေ ဒေါ်လာ သန်း ၃၅၀ ရဖို့ ဘိုလီးဗီးယားအစိုးရက ဖေဖော်ဝါရီ ၆ ရက်မှာ လက်မှတ် ရေးထိုးပါတယ်။ 

တရုတ်နိုင်ငံရဲ့ ပို့ကုန်-သွင်းကုန်ဘဏ်ကနေ နှစ် ၂၀ ချေးငွေအတွက် အတိုးနှုန်းက ၂ ရာခိုင်နှုန်း ရှိမယ်လို့ ဘိုလီးဗီးယားသတ္တုတွင်းဝန်ကြီးဌာနက ပြောပါတယ်။

ဘိုလီးဗီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က သတ္တုတွင်း ဆောက်လုပ် ကြီးကြပ်ခွင့် ကန်ထရိုက်တွေကို တရုတ်နိုင်ငံရဲ့ အန်ဖီခရစ်လုပ်ငန်းစုနဲ့ ချုံချင်း CISDI Engineering Consulting ကုမ္ပဏီတို့ကို ပေးခဲ့ပါတယ်။

ဘိုလီးဗီးယားနိုင်ငံဟာ သွပ်အများဆုံးထုတ်လုပ်တဲ့ ထိပ်တန်း ၁၀ နိုင်ငံထဲက တနိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ မက်ထရစ်တန်ချိန် ၄၉၀,၀၀၀ ထွက်ရှိခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒဌာနက ဆိုထားပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013