DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် လွတ်ငြိမ်းခွင့်ရနိုင်သော်လည်း နောက်ထပ် အမှုသစ် ၁ မှု ရင်ဆိုင်ရမည်
DVB
·
February 7, 2024
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် လွတ်ငြိမ်းခွင့်ရနိုင်သော်လည်း နောက်ထပ် အမှုသစ် ၁ မှု ရင်ဆိုင်ရမည်
Donate to DVB

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ လက်ရှိ ကျခံနေရတဲ့ ထောင်ဒဏ်ဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကျရင် ထက်ဝက်ပြည့်မှာဖြစ်တဲ့အတွက် အထူးလွတ်ငြိမ်းသက်သာခွင့် ရရှိနိုင်တဲ့ စာရင်းမှာ အကျုံးဝင်တယ်လို့ ထိုင်းအကျဉ်းဦးစီးဌာန (DoC) သတင်းရင်းမြစ်က ဖေဖော်ဝါရီ ၆ ရက်မှာ ဘန်ကောက်ပို့စ်သတင်းစာကို ပြောပါတယ်။

ဒါပေမဲ့ ၂၀၁၅ တုန်းက ကိုရီးယားမှာရှိတဲ့အချိန် သက်ဆင် ပြောခဲ့တဲ့စကားဟာ ထိုင်း တော်ဝင်ထီးနန်းအပေါ် အသရေဖျက်ရာရောက်တယ်ဆိုတဲ့ ပြစ်မှုကြောင်းအရ စွဲချက်သစ် တစ်ခုကို ရင်ဆိုင်ဖို့ ရှိနေပါတယ်။ 

အဲဒီအမှုက ၂၀၁၆ ကတည်းက ရှိနေတာဖြစ်ပြီး စွဲချက်တင်ဖို့ သင့်၊ မသင့်ကို ရှေ့နေချုပ်က ဆုံးဖြတ်မှာဖြစ်တယ်လို့ ဖေဖော်ဝါရီ ၆ ရက်မှာ ရှေ့နေချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

အကျဉ်းဦးစီးဌာနဟာ လွတ်ငြိမ်းသက်သာခွင့်နဲ့ အထူးလွတ်ငြိမ်းသက်သာခွင့်ရထိုက်တဲ့ အကျဉ်းသားစာရင်းကို ပြုစုနေတယ်လို့ သိရပါတယ်။ 

အထူးလွတ်ငြိမ်းသက်သာခွင့်ဆိုတာ အသက် ၇၀ ကျော် အကျဉ်းသား ဒါမှမဟုတ် ကျန်းမာရေး ဆိုးဆိုးရွားရွား ချွတ်ယွင်းနေသူ ဒါမှမဟုတ် မသန်စွမ်းသူ အကျဉ်းသားတွေ သူတို့ရဲ့ ထောင်ဒဏ် သုံးပုံတစ်ပုံကို ကျခံပြီးရင် ရရှိနိုင်တဲ့အခွင့်အရေး ဖြစ်ပါတယ်။ 

၁၅ နှစ်ကြာ ပြည်ပမှာ တိမ်းရှောင်နေတဲ့ သက်ဆင်ဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့မှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပါတယ်။ တရားရုံးချုပ်က သူ့အရင်အမှုတွေအတွက် ထောင် ၈ နှစ် ချခဲ့ပါတယ်။ အဲဒီအပေါ် တော်ဝင်သက်သာခွင့်အရ ထောင်ဒဏ်တစ်နှစ်ပဲ ကျခံဖို့ လျှော့ပေါ့ပေးခဲ့ပါတယ်။ 

ဘန်ကောက် ရမန်အချုပ်ထောင်မှာ ရောက်ရှိတဲ့ ပထမညမှာပဲ ထောင်ဆရာဝန်တွေဟာ  သက်ဆင်ရဲ့ ကျန်းမာရေးဆိုးရွားနေတာကြောင့် ရဲအထွေထွေဆေးရုံကြီးကို ပို့ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခု အထူးလွတ်ငြိမ်းသက်သာခွင့် ရထိုက်တဲ့ အကျဉ်းသားစာရင်းကို တရားရေးဝန်ကြီးထံ ပေးပို့ရမှာ ဖြစ်ပါတယ်။

Source/Photo-REUTERS/Athit Perawongmetha

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013