DVB Logo
Home
နိုင်ငံတကာ
အစ္စရေး ထိုးစစ်မတိုင်မီ အပစ်ရပ်နိုင်ရန် ပါလက်စတိုင်း မျှော်လင့်
DVB
·
February 6, 2024
အစ္စရေး ထိုးစစ်မတိုင်မီ အပစ်ရပ်နိုင်ရန် ပါလက်စတိုင်း မျှော်လင့်
Donate to DVB

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း ညှိနှိုင်းမှုတွေ အဆင်ပြေရင် နယ်စပ်မြို့ ရာဖာကို အစ္စရေးက မြေပြင်ထိုးစစ်မဆင်မီ အပစ်အခတ်ရပ်စဲရေး သဘောတူညီနိုင်မယ်လို့ ပါလက်စတိုင်းတွေ မျှော်လင့်နေကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

အီဂျစ်နယ်စပ်က ရာဖာမြို့ဟာ ဂါဇာကမ်းမြောင်က လူဦးရေ ၂ ဒသမ ၃ သန်းမှာ ထက်ဝက်ကျော်အတွက် နောက်ဆုံးခိုလှုံရာ ဖြစ်နေပါတယ်။

အီဂျစ်ဘက်ကလည်း လက်ခံပေးမှာမဟုတ်ဘူးလို့ ပြောတာကြောင့် ဂါဇာကို မြေပြင်ထိုးစစ်ဆင်ရင် ဒေသခံတွေ ပြေးစရာနေရာမရှိ ဖြစ်နေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၅ ရက်နေ့က ဆော်ဒီအိမ်ရှေ့စံ မိုဟာမက်ဘင်ဆယ်လ်မန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အိမ်ရှေ့စံနဲ့ နှစ်နာရီလောက် တွေ့ဆုံခဲ့ပြီး ပဋိပက္ခ အဆုံးသတ်ရေး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဂါဇာကို လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့နဲ့ တခြားဒေသတွေကိုပါ ပဋိပက္ခ ကျယ်ပြန့်မလာအောင် ထိန်းဖို့ လိုအပ်တယ်လို့ ဘလင်ကန်က ပြောခဲ့ပါတယ်။

ကာတာနဲ့ အီဂျစ် ကြားဝင်မှုနဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို ဟားမတ်စ်ဘက်ကို ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

ဟားမတ်စ်ဘက်ကလည်း စစ်ပွဲလုံးဝအဆုံးသတ်မယ့် အာမခံချက်မျိုးကို လိုချင်တဲ့အတွက် ယတိပြတ် အဖြေမပေးသေးပါဘူး။

အမေရိကန်ကတော့ အပစ်ရပ်ပြီး ဂါဇာကို ပြန်လည်တည်ဆောက်မယ်၊ နောက်ဆုံးမှာ ပါလက်စတိုင်းနိုင်ငံ ထူထောင်ပေးမယ်ဆိုတဲ့ လမ်းကြောင်းကို သွားချင်နေတာဖြစ်ပေမဲ့ အစ္စရေးက လက်မခံဘူး ဖြစ်နေပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇန်နဝါရီ ၅ ရက်မှာ စစ်သည်တွေဆီကို လာရောက်လည်ပတ်စဉ် ဟားမတ်စ်တိုက်ခိုက်ရေးသမား ထက်ဝက်ကျော် သေဆုံး၊ ထိခိုက်ခဲ့ပြီ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် အလုံးစုံ အောင်ပွဲရတဲ့အထိ တိုက်မယ်လို့လည်း ပြောသွားပါတယ်။

ကမ်းလှမ်းထားတဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်အရ အနည်းဆုံး ရက် ၄၀ အပစ်ရပ်ဖို့ မျှော်လင့်ထားပြီး ဟားမတ်စ်ဘက်ကလည်း ဓားစာခံတွေထဲက အရပ်သားတွေ အရင်ဆုံး လွှတ်ပေးရမှာပါ။ ပြီးတော့မှ စစ်သားတွေ၊ အလောင်းတွေ ပြန်ပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013