
ဟေတီနိုင်ငံမှာ ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့ ဝန်ကြီးချုပ် အေရီယယ်လ် ဟင်နရီ အစိုးရကို ဖေဖော်ဝါရီ ၅ ရက်က မြို့တော် ပို့ထ်-အော်-ပရင့်စ်မှာ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ဟေတီသမ္မတဟောင်း ဂျိုဗန်နဲလ် မွိုက်စ် လုပ်ကြံခံရတာ ၃ နှစ်ရှိသွားပြီဖြစ်ပြီး အစိုးရအကြီးအကဲ ဖြစ်လာတဲ့ ဝန်ကြီးချုပ် အေရီယယ်လ် ဟင်နရီက လူထုအတွက် ဘာမှမလုပ်ပေးကြောင်း၊ နိုင်ငံတွင်း အကြမ်းဖက်မှု လှိုင်းလုံးတွေဟာ နိုင်ငံသားတွေအတွက် ပုံမှန်ဘဝ မဖြစ်နိုင်ကြောင်း ဆန္ဒပြသူတွေက ရိုက်တာကို ပြောပါတယ်။
သူတို့ ဒီမှာဆန္ဒပြတာဟာ ဝန်ကြီးချုပ် ဟင်နရီကို တိုက်ခိုက်ဖို့မဟုတ်ဘဲ သူ့နေရာမှာ တခြားတယောက်ယောက်ကို အစားထိုးပေးဖို့ တောင်းဆိုနေတာဖြစ်ပြီး စနစ်ကို တိုက်ခိုက်နေတာလို့ ဆန္ဒပြသူ ဒေါမနစ်ခ် သဲလ်မက်က ပြောပါတယ်။
ဟေတီမှာ လမ်းတွေလည်း ပျက်စီးနေပြီး နေရာတိုင်း မလုံခြုံမှုတွေဘဲ ကြီးစိုးနေလို့ ဘယ်သူမှ သူတို့ရဲ့ နေ့စဉ်ဘဝကို ဆက်မသွားနိုင်ဘူး ဖြစ်နေတယ်လို့ ပြောပါတယ်။
အမည်မသိ ဆန္ဒပြသူတယောက်ကလည်း ဟေတီမှာ ပိုမိုကောင်းမွန်တဲ့ လူနေမှု အဆင့်အတန်းရဖို့ တိုက်ပွဲဝင်နေတာပါလို့ ဆိုပါတယ်။
ဟေတီနိုင်ငံဟာ မြို့တော်ရဲ့ နေရာအများစုကို ထိန်းချုပ်ထားတဲ့အပြင် ကျေးလက်ဒေသတွေ အထိပါ နယ်မြေချဲ့ထွင်လာပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လုယက်မှုတွေနဲ့ ကြုံသလို သတ်ဖြတ်ခြင်းတွေကို လုပ်ဆောင်နေကြတဲ့ လက်နက်ကိုင်အုပ်စုတွေနဲ့ သူ့မဟာမိတ် ဂိုဏ်းတွေအကြားက ပိုမိုဆိုးရွားလာတဲ့ ပဋိပက္ခကို ရင်ဆိုင်နေရတာပါ။
ပြန်ပေးဆွဲမှုတွေဟာလည်း ၂၀၂၂ ခုနှစ်ကနေ ၂ ဆ တိုးလာပြီး ၂,၅၀၀ အထိ ရှိလာပါတယ်။
လူဆိုးဂိုဏ်းတွေဟာ ခရီးသွားလာနေကြတဲ့ လူတွေကို ပစ်မှတ်ထားလာကြပြီး သူတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ မိသားစု ဆွေမျိုးတွေဆီကနေ ရွေးနုတ်ငွေကို တန်ဖိုးကြီးကြီးနဲ့ ထုတ်ယူခိုင်းကြပါတယ်။
UNICEF ရဲ့ အဆိုအရ အကြမ်းဖက်မှု လှိုင်းလုံးတွေကြားမှာ ပြည်တွင်း ဘေးဒုက္ခရှောင် လူပေါင်း ၃၁၄,၀၀၀ လောက် ရှိလာခဲ့ပါတယ်။
Source/Photo-Reuters










