DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယရေတပ်က အိန္ဒိယသမုဒ္ဒရာကို လုံခြုံအောင်လုပ်နိုင်ခဲ့ဟု ကာကွယ်ရေးဝန်ကြီးပြော 
DVB
·
February 4, 2024
အိန္ဒိယရေတပ်က အိန္ဒိယသမုဒ္ဒရာကို လုံခြုံအောင်လုပ်နိုင်ခဲ့ဟု ကာကွယ်ရေးဝန်ကြီးပြော 
Donate to DVB

အိန္ဒိယရေတပ်ဟာ ကုန်သွယ်မှုရေးစီးဆင်းမှုကို ကာကွယ်ပြီး အိန္ဒိယသမုဒ္ဒရာကို လုံခြုံအောင် လုပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နာ့သ်ဆင်းဂ်က ဖေဖော်ဝါရီ ၃ ရက်မှာ ပြောလိုက်ပါတယ်။

နိုင်ငံတောင်ပိုင်း ဝီရှာခါပတ်နမ်မြို့က စစ်တမ်းကောက်ယူရေးသင်္ဘော INS စန်ဒါယက်ခ်ကို တာဝန်ပေးရေးအခမ်းအနားကို တက်ချိန်မှာ ခုလို ပြောလိုက်တာပါ။

အိန္ဒိယနိုင်ငံဟာ အခုအခါမှာ အိန္ဒိယသမုဒ္ဒရာနဲ့ အိန္ဒိယပစိဖိတ်ဒေသအတွင်း ဘေးအန္တရာယ်ဆိုင်ရာ အချက်ပေးခေါ်ဆိုမှု တွေကို ပထမဆုံးတုံ့ပြန်တဲ့ နိုင်ငံဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။

ယီမင်နိုင်ငံထဲက အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုကို အနောက်အင်အားကြီးနိုင်ငံတွေက အာရုံစိုက်နေလို့ ပင်လယ်နီအရှေ့ဘက်မှာ စစ်သင်္ဘောတစ်ဒါဇင်ထက်မနည်းကို ဖြန့်ကြက်တာဝန်ချထားပြီး သင်္ဘော အစီးရေ ၂၅၀ကျော်ကို စုံစမ်းစစ်ဆေးနေတယ်လို့ အိန္ဒိယတာဝန်ရှိသူတွေကပြောပါတယ်။

အမေရိကန်၊ ပြင်သစ်နဲ့ တရုတ်တို့ အပါအဝင် ဒေသတွင်းမှာ တခြားနိုင်ငံတွေမှာ ရေတပ်စခန်းတွေ ရှိပေမဲ့ အိန္ဒိယ အရာရှိတွေက အိန္ဒိယရဲ့ တည်ရှိမှုဟာ အကြီးဆုံးဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။

အိန္ဒိယဟာ ပင်လယ်နီအတွက် အမေရိကန် ဦးဆောင်တဲ့ လုပ်ငန်းတပ်ဖွဲ့ဆီ မပူးပေါင်းခဲ့ပါဘူး။  အဲဒီနေရာမှာ စစ်သင်္ဘောတွေ မရှိနေဘူးလို့လဲ ရိုက်တာ သတင်းမှာဖော်ပြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013