DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်လောကသားများ၏ အများပိုင်ကုမ္ပဏီ ရှယ်ယာရောင်းချ
DVB
·
August 29, 2014
ရုပ်ရှင်လောကသားများ၏ အများပိုင်ကုမ္ပဏီ ရှယ်ယာရောင်းချ
1 / 2
Donate to DVB

မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတတ်မှု အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီမှာ ရှယ်ယာဝင်တွေအနေနဲ့ တဦးတယောက်က လက်ဝါးကြီးအုပ်တာမျိုး မဖြစ်ရအောင် ရှယ်ယာတန်ဖိုးကိုလည်း သက်မှတ်ပေးထားတယ်လို့ ကုမ္ပဏီ ဥက္ကဋ္ဌ ၀ါရင့်ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောပါတယ်။

[caption id="attachment_63695" align="alignright" width="300"]ပန်းချီစိုးမိုး ဒါရိုက်တာ ပန်းချီစိုးမိုး[/caption]

“ရုပ်ရှင်လောက သားတွေကို အစုရှယ်ယာ ၁ သောင်းကေ နပြီးတော့ အစုရှယ်ယာ ငါးသိန်းထက် ပိုဝယ်လို့ မရဘူး။ ခေါင်းဆောင် လုပ်တဲ့သူလည်း သိန်း ၅၀၀ ပေါ့။ ငွေရှင်တွေ ဘယ်သူမှ လက်ဝါးကြီး အုပ်လို့မရဘူး။ ဆိုလိုတာက ငွေ limit အမြင့်ဆုံးတခုကို သတ်မှတ်ထားတယ်။ ၀င်တဲ့ ရှယ်ယာအားလုံးကိုလည်း ရုပ်ရှင်လောကသား တယောက်မှ မကျန်အောင် အလွှာပေါင်းစုံ လက်ခံထားတယ်။ ဆိုတော့ အများနဲ့ သက်ဆိုင်တယ်ဆိုတာ public လည်း ပါလာမှာပေါ့။ public ကလည်း ကျနော်တို့လုပ်ငန်းမှာ ငွေရေးကြေးရေး လိုအပ်လာလို့ စတူဒီယိုကြီးတွေ ဆောက်မယ်၊ ရိုက်ကူးရေးတွေ လုပ်လာမယ်၊ အဲလိုအချိန်ကျရင်တော့ public ရဲ့ ငွေရေးကြေးရေး ပါလာမှာပေါ့။ ရုပ်ရှင်လောကကတော့ အဓိကပေါ့။”

ကုမ္ပဏီကို ၂၀၁၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီသြဂုတ်လလယ်ပိုင်းတုန်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ရှယ်ယာဝင်တွေကို ပထမဆုံး လက်မှတ်ပေးအပ်ခဲ့ပါတယ်။

ဒီအများပိုင်ကုမ္ပဏီကို ရုပ်ရှင်လောကသားတွေ အကျိုးရှိစေဖို့နဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်အောင် ဖွဲ့စည်းခဲ့တာပါလို့ ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောပါတယ်။

“အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီက ရုပ်ရှင်အစည်းအရုံးက အန်ဂျီအိုအဖွဲ့အစည်းဖြစ်တော့ စီးပွားရေးလုပ်လို့ မရဘူး။ ဆိုတော့ အဖွဲ့အစည်းရပ်တည်မှုနဲ့ လောကကြီးတခုလုံး တိုးတက်ရာ တိုးတက်ကြောင်းအတွက် ဒီကုမ္ပဏီကို နိုင်ငံတော်အကြီးအကဲတွေက လမ်းညွှန်တဲ့အတွက် လုပ်လိုက်ရတာပါ။ အဲလိုလုပ်တဲ့နေရာမှာ ဘာကောင်းလဲလို့ပြောရင် ရုပ်ရှင်လောကသားနဲ့ ပတ်သက်တဲ့ အခက်အခဲ၊ ရုပ်ရှင်လောကသားတွေ လိုအပ်တဲ့အချက်အလက်။ အခုဆိုရင် ဒီဗွီဒီ ၉ စက်ကြီးပေါ့။ ဒီစက်ကြီးဆိုရင် ကော်စေ့ကနေပြီးတော့ အခွေထွက်မယ်၊ Mastaring ထွက်မယ်၊ ပြီးတာနဲ့ အခွေ parker ထွက်မယ်။ print ကအစ  စလယ်ဆုံး အကုန်လုံး ဒီဗွီဒီ (၉) နဲ့ လုပ်ထားတာ၊ အဲဒါသည် ရုပ်ရှင်လောကအတွက် ပထမခြေလှမ်းပေါ့။ တချိန်တည်းမှာ သူက ရိုက်ကူးရေးတို့၊ စတူဒီယိုတို့ လုပ်ငန်းအများကြီး လုပ်လို့ရသွားတယ်။”

အများပိုင်ကုမ္ပဏီ ဘုတ်အဖွဲ့ဒါရိုက်တာ မောင်မောင်ဦး (စနိုးဝှိုက်) ကလည်း ရှယ်ယာဝယ်ထားသူတွေကို ချုပ်ကိုင်မှုမရှိဘဲ အရောင်းအ၀ယ်ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးထားပါတယ်လို့ ပြောပါတယ်။

[caption id="attachment_63696" align="alignright" width="300"]မောင်မောင်ဦး (စနှိုးဝိုက်) ဒါရိုက်တာ မောင်မောင်ဦး (စနိုးဝှိုက်)[/caption]

“ရှယ်ယာရဲ့သဘာဝက ကျနော်တို့ ကုမ္ပဏီအနေနဲ့ ရောင်း ချင်တဲ့သူနဲ့ ၀ယ်ချင်တဲ့သူ သူတို့ျေကလည်ပြီဆိုရင် share certificate ကို နာမည်ပြောင်းပေး တယ်။ ကျနော်တို့ရောင်း လိုက်တဲ့ ရှယ်ယာတန်ဖိုးတွေ ကတော့ ၁ သောင်းက ၁ သောင်းပဲ။ ဒါမေယ့် သူက ငွေလိုလို့ ၁ သောင်းတန်ကို ၇ ထောင်နဲ့ ရောင်းရောင်း၊ ၈ ထောင်နဲ့ရောင်းရောင်း၊ ၁ သောင်း ၂ ထောင်ပေးဝယ်သွားရင်လည်း မြတ်ပေါ့။ ကျနော်တို့ရဲ့ရှယ်ယာသည် တဦးလက်ထဲကနေ တဦးကို လွဲပြောင်းပိုင်ခွင့်ရှိတယ်။”

ရှယ်ယာပေါင်း ၁ သိန်းခွဲ ရောင်းချသွားမှာဖြစ်ပြီး အခုလက်ရှိ ၈ သောင်းကျော်ကိုေ၇ာင်းချပြီးပြီ ဖြစ်ပါတယ်။ အစုရှယ်ယာရှယ်ပေါင်း ၂၆၆ ဦး ရှိနေပြီး  ရုပ်ရှင်လောကသားတွေအပြင် ရုပ်ရှင်ကို ချစ်ခင်မြတ်နိုးတဲ့ နိုင်ငံသားတိုင်း ရှယ်ယာတွေကို ၀ယ်ယူခွင့်ရှိပြီး တစုကို ၁ သောင်းနှုန်း နဲ့ ၁ ယောက်ကို အစုငါးထောင်အထိ ၀ယ်ယူနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013