Home
မြန်မာသတင်း
မလေးရှား ထိန်းသိမ်းရေးစခန်းမှ ရိုဟင်ဂျာ ၁၀၀ ကျော် ထွက်ပြေး၊ ကားတိုက်ခံရပြီး ၁ ဦး သေဆုံး
DVB
·
February 2, 2024

မလေးရှားနိုင်ငံ ပီရတ်ပြည်နယ်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတခုမှ မြန်မာနိုင်ငံသား ၁၆ ဦး နဲ့ ရိုဟင်ဂျာ ၁၁၅ ဦးတို့  ထွက်ပြေးခဲ့ရာ  ၁ ဦး ကားတိုက်ခံရလို့ သေဆုံးခဲ့တယ်လို့ မလေးရှား လဝကက ထုတ်ပြန်ပါတယ်။

ပီရတ်ပြည်နယ်မှာ တရားမဝင်နိုင်ငံခြားသားတွေကို ထိန်းသိမ်းထားတဲ့ ဘူဒေါ လူဝင်မှုကြီးကြပ် ထိန်းသိမ်းရေးစခန်းကနေ မြန်မာနိုင်ငံသား ၁၆ ဦးနဲ့ ရိုဟင်ဂျာ ၁၁၅ ဦးတို့ဟာ ဖေဖော်ဝါရီ ၁ ရက် ည ၁၀ နာရီလောက်က  ထွက်ပြေးသွားခဲ့ကြရာမှာ အဲ့ဒီထဲကအမျိုးသားတယောက်က အမြန်လမ်းမှာ ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။

တာပါခရိုင်ရဲမှူးကြီး မိုဟာမတ်အတ်စ်နာဝီက" အကျဉ်းသားအားလုံး ထွက်ပြေး လွတ်မြောက်သွားပြီးလို့ ကျနော်တို့ကို အမျိုးသားတဦးကနေ အကြောင်းကြားခဲ့တာပါ။ ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသားလို့ သံသယရှိတဲ့ အမျိုးသားတဦးကတော့ KM 335 မြောက်-တောင်အမြန်လမ်းမကြီးမှာ ကားတိုက်ပြီး သေဆုံးသွားပါတယ်။ လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တခုခုသိတာနဲ့ ပြည်သူတွေအနေနဲ့ သတင်းပေးပို့ပါ" လို့ ပြောပါတယ်။

လွတ်မြောက်သွားတဲ့ မြန်မာနိုင်ငံသား ၁၆ ဦးနဲ့ ရိုဟင်ဂျာ ၁၁၅ ဦးဟာ အထောက်အထားမပါရှိတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး သူတို့ကို ဖမ်းမိနိုင်ဖို့ ဘီဒေါရဲတပ်ဖွဲ့နဲ့ လဝကအဖွဲ့တို့အပြင် ပီရတ်ရဲတပ်ဖွဲ့နဲ့ ဘူကစ်အာမန်ရဲတပ်ဖွဲ့တို့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ မလေးလဝကက ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၂ ဖေဖော်ဝါရီကလည်း မလေးရှားမြောက်ပိုင်းမှာရှိတဲ့ ကဒါး လူဝင်ကြီးမှုကြပ်ရေးစခန်းကနေ ရိုဟင်ဂျာ ၅၈၂ ဦးထွက်ပြေးလွတ်မြောက်ခဲ့ပြီး အမြန်လမ်းမပေါ်မှာ ၆ ဦးကားတိုက်ခံရလို့ သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024