DVB Logo
Home
နိုင်ငံတကာ
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ ထောင်ဒဏ်ကို ထက်ဝက်လျှော့ပေး
DVB
·
February 2, 2024
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ ထောင်ဒဏ်ကို ထက်ဝက်လျှော့ပေး
Donate to DVB

ဒေါ်လာဘီလီယံချီ တန်ဖိုးရှိတဲ့ 1MDB ကုမ္ပဏီအရှုပ်တော်ပုံနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို ပြစ်ဒဏ်ထက်ဝက် လျှော့ချပေးလိုက်တယ်လို့ လွတ်ငြိမ်းချမ်းသာခွင့် ဘုတ်အဖွဲ့က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ဘုတ်အဖွဲ့ကို မလေးရှားဘုရင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူတာဖြစ်ပြီး ငါးနှစ်တကြိမ် အလှည့်ကျဘုရင်စနစ်အရ ဘုရင်သစ်နန်းတက်ချိန်မှာ အခုလို ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့ ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းဟာ ၂၀၂၈ ခုနှစ် ဩဂုတ်လမှာ ပြန်လွတ်မှာဖြစ်ပြီး ဒဏ်ကြေးကိုလည်း ရင်းဂစ် သန်း ၂၁၀ ကနေ သန်း ၅၀ ပဲပေးဖို့ လျှော့ချပေးခဲ့ပါတယ်။

1 Malaysia Development Berhad (ဘာဟတ်) လို့ခေါ်တဲ့ မလေးရှားဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီရဲ့ ရန်ပုံငွေထဲက ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံတောင် အခိုးခံခဲ့ရတယ်လို့ အမေရိကန်နဲ့ မလေးရှား စုံစမ်းစစ်ဆေးရေးသမားတွေက ခန့်မှန်းထားပါတယ်။

အဲဒီအထဲက ဒေါ်လာ ၁ ဘီလီယံလောက်ဟာ နာဂျစ်ရဲ့ဘဏ်စာရင်းထဲကို ရောက်သွားခဲ့တယ်လို့လည်း စစ်ဆေးတွေ့ရှိပါတယ်။

တရားရုံးချုပ်က နာဂျစ်ရဲ့ပြစ်ဒဏ်ကို အတည်ပြုပြီးတဲ့ ၂၀၂၀ ခုနှစ် ဩဂုတ်လကတည်းက တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ လျှောက်ထားတာ ဖြစ်ပါတယ်။ နာဂျစ်ဟာ မလေးသမိုင်းမှာ ပထမဆုံး ထောင်ကျတဲ့ ဝန်ကြီးချုပ်ဖြစ်ပါတယ်။

နာဂျစ်ကတော့ စွဲချက်တွေကို ငြင်းဆိုထားခဲ့ပြီး တိမ်းရှောင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဂျိုလိုးနဲ့ တခြား 1MDB တာဝန်ရှိသူတွေရဲ့ လှည့်ဖျားမှုကြောင့် ဆော်ဒီမိသားစုက လှူဒါန်းတဲ့ မဲဆွယ်ရန်ပုံငွေလို့ပဲ ထင်မှတ်ခဲ့တာလို့ ချေပခဲ့ပါတယ်။ နာဂျစ်ဟာ  1MDB  နဲ့ပတ်သက်တဲ့ တခြားအမှုတွေလည်း ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013