DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ၀န်ကြီးများ ပြောင်းလဲခန့်အပ်
DVB
·
August 29, 2014
ရခိုင်ပြည်နယ် ၀န်ကြီးများ ပြောင်းလဲခန့်အပ်
Donate to DVB

ရခိုင်ပြည်နယ်  ၀န်ကြီးဌာန ၅ ခုမှာ သက်ဆိုင်ရာ ၀န်ကြီးတွေကို ပြောင်းလဲခန့်ထား လိုက်ပါတယ်။

logobigမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မအရ ဘဏ္ဍာရေး ၀န်ကြီးအဖြစ် ဦးကျော်သိန်း၊ သစ်တောနဲ့သတ္တုတွင်း ၀န်ကြီးအဖြစ် ဦးကျော်ခင်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးအဖြစ် ဦးမြအောင်၊ စည်ပင် သာယာရေးဝန်ကြီးအဖြစ် ဦးမောင်စံရွှေ နဲ့ လူမှုရေးဝန်ကြီးဌာနအဖြစ် ဒေါက်တာအောင်ကျော်မင်းတို့ကို တာဝန်ပေးအပ်လိုက်တာလို့ အစိုးရက ကြေညာပါတယ်။

အခုခန့်ထားလိုက်တဲ့ ၀န်ကြီးတွေဟာ အရင်ကလည်း အခြားဌာနက ၀န်ကြီးတွေဖြစ်နေပြီး နေရာချင်းပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာသုံးပြီး သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေကို ပြောင်းလဲခန့်ထားတာဖြစ်ပါတယ်။

အခုလိုပြောင်းလဲခြင်းအားဖြင့် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ ပြည်နယ်လွှတ်တော်အမတ် ဦးစောငြိမ်းကတော့ ပြည်နယ်အစိုးရအဖွဲ့ထဲမှာ အခုလိုအပြောင်းအလဲတွေ မကြာခဏလုပ်လေ့ရှိကြောင်း၊  နဂိုရှိပြီးသားဝန်ကြီးတွေကို အပြောင်းအလဲလုပ်တာထက် သက်ဆိုင်ရာအခန်းကဏ္ဍတွေမှာ ကျွမ်းကျင်နှံ့စပ်သူ၊ ပြဿ     နာဖြေရှင်းနိုင်သူတွေကိုသာ ခန့်ထားသင့်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ပြီးခဲ့တဲ့ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စု အစိုးရက သန်းပေါင်း ၁၀၉ ဘီလျံ သုံးစွဲဖို့ ခွင့်ပြုထားပေမယ့်လည်း အကုန်သုံးစွဲခြင်း မပြုနိုင်ဘဲ ၁၃ ဒဿ    မ ၁၈ ဘီလျံ ပြန်လည်အပ်နှံခဲ့ပါတယ်။

အမှန်မှာ အောက်ခြေပြည်သူတွေဟာ အစိုးရက ချမှတ်ထားတဲ့ ဘတ်ဂျက်ထက် လိုအပ်ချက်တွေရှိနေပြီး ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ခုလိုဘတ်ဂျက်ပြန်အပ်လိုက်တော့ ရခိုင်ပြည်သူတွေ  များစွာနစ်နာနေရတယ်လို့ ဦးစောငြိမ်းက ဒီဗွီဘီကို ပြောသွားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013