
အီရန်အပေါ် လက်ရှိ ပိတ်ဆို့မှုကြောင့် ကုန်သွယ်ရေးသင်္ဘော ၉၂ စင်း လမ်းကြောင်းပြောင်းလိုက်ပြီး တင်းတင်းကျပ်ကျပ် လိုက်နာဖို့ အမေရိကန်တပ်ဖွဲ့တွေက သင်္ဘော ၃ စင်းကို ပိတ်ဆို့ထားခဲ့ပြီး ၂ စင်းကို ရပ်နားထားခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်းစစ်တိုင်း ကွပ်ကဲရေးဌာန (CENTCOM) က စက်တင်ဘာ ၆ ရက်မှာ ပြောခဲ့ပါတယ်။
CENTCOM က X လူမှုကွန်ရက်ပေါ်မှာ နောက်ဆုံးရ ကိန်းဂဏန်းတွေကို ကြေညာခဲ့ပြီး အမေရိကန် F-35A stealth တိုက်လေယာဉ်တစင်းကို ဒေသတွင်း ရေပိုင်နက်တွေပေါ်မှာ ကင်းလှည့်ဖို့ စေလွှတ်ခဲ့တယ်လို့လည်း ဖြည့်စွက် ပြောခဲ့ပါတယ်။
အခုနှစ်အစောပိုင်းမှာ အီရန်နဲ့ ဆွေးနွေးပွဲတွေက သဘောတူညီချက် တစုံတရာမရဘဲ ဖြစ်ခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့အရေးကြီးဆုံး ရေကြောင်းပိတ်ဆို့မှုတွေထဲက တခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခြင်းအားဖြင့် အီရန်အပေါ် စပြီး အပြင်းအထန် အရေးယူခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံကုန်သွယ်မှု လေးပုံတပုံလောက်၊ သဘာဝဓာတ်ငွေ့ရည်တွေနဲ့ ဓာတ်မြေဩဇာ အမြောက်အမြားကို သယ်ယူပို့ဆောင်နေတဲ့ ရေလက်ကြားလည်း ဖြစ်ပါတယ်။
Source: Reuters











