DVB Logo
Home
နိုင်ငံတကာ
ရုရှားအပေါ် ယူကရိန်း စွဲဆိုချက်အများစု ICJ တရားရုံး ပယ်ချ
DVB
·
February 1, 2024
ရုရှားအပေါ် ယူကရိန်း စွဲဆိုချက်အများစု ICJ တရားရုံး ပယ်ချ
Donate to DVB

၂၀၁၇ ခုနှစ်တုန်းက ယူကရိန်းအစိုးရက ရုရှားအစိုးရအပေါ် စွဲဆိုထားတဲ့အမှုမှာ ပါဝင်တဲ့ စွဲချက်အများစုကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။

အခုအမှုက ယူကရိန်း ခွဲထွက်ရေးသူပုန်တွေကို ရုရှားက ထောက်ပံ့ပေးခဲ့တဲ့ကိစ္စ၊ ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ၂၀၁၇ မှာ စွဲထားတဲ့အမှု ဖြစ်ပါတယ်။

ရုရှားဟာ ၁၉၄၈ ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို တလွဲအသုံးချပြီး ၂၀၂၂ မှာ ကျူးကျော်ခဲ့တယ်ဆိုတဲ့ နောက်တမှုကိုတော့ လာမယ့် သောကြာနေ့မှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာစာချုပ်နှစ်ခုကို ရုရှားက ချိုးဖောက်ကြောင်း တွေ့ရှိရတယ်လို့သာ တရားရုံးက ဆုံးဖြတ်ခဲ့ပေမဲ့ အဲဒီချိုးဖောက်မှုတွေအတွက် နစ်နာကြေးပေးဖို့ ယူကရိန်းရဲ့ တောင်းဆိုမှုကို တရားရုံးက ပယ်ချခဲ့ပြီး ရုရှားအနေနဲ့ စာချုပ်တွေကို လိုက်နာရမယ်ဆိုပြီးတော့ပဲ အမိန့်ချခဲ့ပါတယ်။

ယူကရိန်းနိုင်ငံတွင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို ရန်ပုံငွေ ပံ့ပိုးခြင်းအားဖြင့် ရုရှားဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်တယ်လို့ ယူကရိန်းက ၂၀၁၇ တုန်းက စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။

တရားသူကြီး ၁၆ ဦးပါ ခုံရုံးက အကြမ်းဖက်ဝါဒကို ရန်ပုံငွေပံ့ပိုးတယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်လို့ ရုရှားအနေနဲ့ စုံစမ်းစစ်ဆေးရမယ်လို့ အမိန့်ချပါတယ်။

ဒါပေမဲ့ အကြမ်းဖက်ဝါဒကို ရန်ပုံငွေပံ့ပိုးတယ်ဆိုတာက ငွေကြေးနဲ့ ဘဏ္ဍာရေး အထောက်အပံ့ကိုသာ ဆိုလိုပြီး လက်နက်နဲ့ လေ့ကျင့်သင်တန်းပေးတဲ့ကိစ္စ မပါဝင်ဘူးလို့ ဆုံးဖြတ်ပါတယ်။

ဒါကြောင့် ရုရှားပံ့ပိုးပေးထားတဲ့ လက်နက်တွေနဲ့ ခွဲထွက်ရေးသူပုန်တွေက မလေးရှားခရီးသည်တင် လေယာဉ်ကို ပစ်ချတဲ့ကိစ္စမှာ ရုရှားက တာဝန်ရှိ၊ မရှိ ဆိုတာကို မဆုံးဖြတ်နိုင်ဘူးလို့ တရားရုံးက ငြင်းဆိုပါတယ်။

၂၀၁၄ မှာ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက သိမ်းယူပြီးတဲ့နောက် ယူကရိန်းဘာသာစကား သင်ကြားရေးကို ထောက်ပံ့ပေးဖို့ ပျက်ကွက်တဲ့အတွက် ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေး သဘောတူစာချုပ်ကို ရုရှားက ချိုးဖောက်ရာရောက်တယ်လို့တော့ တရားရုံးက ဆုံးဖြတ်ပါတယ်။

ICJ တရားရုံးရဲ့ စီရင်ချက်ဟာ အပြီးအပြတ်ဖြစ်ပြီး အယူခံမရှိပါဘူး။

စာချုပ်ဝင်တွေအပေါ် စည်းနှောင်မှုလည်းရှိပေမဲ့ အတည်ပြုဆောင်ရွက်ဖို့တော့ နည်းလမ်းအတိအကျ မရှိပါဘူး။

ဥပဒေကြောင်းအရ ယူကရိန်းက ၂၀၁၇ အမှုမှာ အနိုင်မရခဲ့ဘူးလို့ ယေဘုယျ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ယူကရိန်းကိုယ်စားလှယ်ကတော့ အခုဆုံးဖြတ်ချက်ဟာ ကိယက်ဗ်အတွက် အရေးကြီးပြီး ရုရှားဟာ အပြည်ပြည်ဆိုင်ရာဥပဒေ ချိုးဖောက်တယ်ဆိုတာ ပထမဆုံးအကြိမ် တရားဝင် အတည်ပြုနိုင်တာဖြစ်တယ်လို့ ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013