DVB Logo
Home
နိုင်ငံတကာ
ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီကို ပိတ်သိမ်းရန် အစ္စရေးဝန်ကြီးချုပ် ဖိအားပေး
DVB
·
February 1, 2024
ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီကို ပိတ်သိမ်းရန် အစ္စရေးဝန်ကြီးချုပ် ဖိအားပေး
Donate to DVB

ပါလက်စတိုင်းဒုက္ခသည်အေဂျင်စီ (UNRWA) ကို ပိတ်ကိုပိတ်ပစ်ရမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇန်နဝါရီ ၃၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

တချိန်တည်းမှာပဲ အပစ်အခတ်ရပ်စဲဖို့နဲ့ ဓားစာခံတွေလွတ်မြောက်ဖို့ သံတမန်တွေက ကြိုးပမ်းနေကြသလို ဂါဇာမှာ အစ္စရေးတပ်တွေက အပြင်းအထန် ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

ဂါဇာမြို့မြောက်ပိုင်းနဲ့ တောင်ပိုင်းက ခန်ယူနစ်မြို့ နေရာအချို့မှာ အစ္စရေးက ဗုံးကြဲမှုတွေ ဆက်လုပ်နေပြီး စစ်ပွဲကာလတလျှောက် အပြင်းထန်ဆုံးတိုက်ခိုက်မှု ဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ရိုက်တာကို ပြောပါတယ်။

အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ဝင်တိုက်ခိုက်တဲ့ ဟားမတ်စ်အဖွဲ့ဝင်တွေထဲမှာ UNRWA ဝန်ထမ်းတွေ ပါဝင်တယ်လို့ အစ္စရေးကစွပ်စွဲပြီး အချက်အလက်တွေ ထုတ်ပေးခဲ့ပါတယ်။

အဲဒါကြောင့် အမေရိကန် အပါအဝင် အဓိကအလှူရှင်နိုင်ငံတွေက ရန်ပုံငွေတွေ ရပ်ဆိုင်းပစ်ခဲ့ကြပါတယ်။

ပါလက်စတိုင်းဘက်ကတော့ အစ္စရေးက အချက်အလက်တွေ အတုလုပ်ပြီး UNRWA ကို ပျက်စီးအောင်လုပ်နေတာလို့ စွပ်စွဲထားပါတယ်။

UNRWA ရဲ့ နာမည်အပြည့်အစုံဟာ ကုလသမဂ္ဂ အရှေ့နားဒေသ ပါလက်စတိုင်း ဒုက္ခသည်များ အကူအညီပေးရေးနဲ့ လုပ်ငန်းအေဂျင်စီ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံကို ၁၉၄၈ ခုနှစ်မှာ ထူထောင်ပြီးခဲ့နောက် ပဋိပက္ခတွေ၊ စစ်ပွဲတွေကြားမှာ ဒုက္ခသည်တွေ အများအပြား ရှိလာခဲ့တဲ့အတွက် ၁၉၄၉ မှာ UNRWA ကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ဂါဇာဒေသခံ ထက်ဝက်ကျော်ဟာ UNRWA ရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေရတာ ဖြစ်ပါတယ်။

Source/Photo-Reuters/Ibraheem Abu Mustafa

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013