DVB Logo
Home
ရွေးကောက်ပွဲ
တပ်အငြိမ်းစားအရာရှိ ၆၀ ခန့်ကို ရွေးကောက်ပွဲကော်မရှင်ရုံးက တာဝန်များ ပေးအပ်
DVB
·
August 29, 2014
တပ်အငြိမ်းစားအရာရှိ ၆၀ ခန့်ကို ရွေးကောက်ပွဲကော်မရှင်ရုံးက တာဝန်များ ပေးအပ်
Donate to DVB

[caption id="attachment_53519" align="alignright" width="300"]၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲများ ရေတွက်နေစဉ် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲများ ရေတွက်နေစဉ်[/caption]တပ်မတော်က အငြိမ်းစားအရာရှိအဆင့် ၀န်ထမ်း ၆၀ လောက်ကို ရာထူးအဆင့်ကို လိုက်ပြီး တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့်တွေမှာ ကော်မရှင်ရုံးရဲ့ ရုံးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ တာဝန် ပေးထားတာလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရဲ့ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။

သူတို့တွေဟာ သက်ဆိုင်ရာ တိုင်း၊ ခရိုင်နဲ့ မြို့နယ် ကော်မရှင်အဖွဲ့တွေရဲ့ လက်အောက်မှာ ရုံးလုပ်ငန်း တာဝန်တွေ ထမ်းဆောင် လုပ်ကိုင်ကြမှာ ဖြစ်ပြီး ကော်မရှင်မှာ မပါဘူးလို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ တပ်မတော်သားအရာရှိတွေကို ကော်မရှင်အဆင့်ဆင့်မှာ တာဝန်ပေး ခန့်ထားတာတွေ လုပ်ခဲ့လို့ နိုင်ငံရေးပါတီတချို့နဲ့ မီဒီယာတချို့က ဝေဖန် ရေးသား ပြောဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013