DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကိုတွင် ကား ၂ စီးတိုက်မိပြီး အနည်းဆုံး လူ ၁၉ ဦးသေဆုံး
DVB
·
January 31, 2024
မက္ကဆီကိုတွင် ကား ၂ စီးတိုက်မိပြီး အနည်းဆုံး လူ ၁၉ ဦးသေဆုံး
Donate to DVB

မက္ကဆီကိုနိုင်ငံ အနောက်မြောက်ပိုင်း ဆီနာလိုအာပြည်နယ်မှာ ဇန်နဝါရီ ၃၀ ရက် အစောပိုင်းက ခရီးသည်တွေပြည့်နေတဲ့ ဘတ်စ်ကားတစီးနဲ့ ထရပ်ကားတစီးတို့ အဝေးပြေးလမ်းမှာ ပြင်းပြင်းထန်ထန် တိုက်မိပြီး မီးလောင်ကျွမ်းကာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့တယ်လို့ ပြည်တွင်းသတင်းဌာန အန်ပလပ်စ် (N+) က ဖော်ပြပါတယ်။

မာဇာ့တ်လန်နဲ့ လော့စ်မိုချိစ်ကမ်းခြေမြို့တွေကို ဆက်သွယ်ထားတဲ့ ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီးတလျှောက် ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုမှာ သေဆုံးသူအရေအတွက် သို့မဟုတ် လူဘယ်လောက် ဒဏ်ရာရရှိခဲ့ကြောင်းကို ဒေသဆိုင်ရာအာဏာပိုင်တွေက ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

ကံမကောင်းစွာဘဲ သေဆုံးသူအများစုဟာ ကလေးငယ်တွေ ဖြစ်ပုံရတယ်လို့ မီးသတ်သမား အယ်ဗလင်း ဗရော်နီကာက ပြောပါတယ်။ ယာဉ်မတော်တဆမှုကြောင့် အမြန်လမ်းမကြီးပေါ်ရှိ အဝိုင်းနေရာကို ပိတ်ထားခဲ့ကြောင်း အန်ပလပ်စ်  (N+) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မက္ကဆီကို အရှေ့တောင်ဘက်မှ နာမည်ကြီး အပန်းဖြေမြို့ဖြစ်တဲ့ ကန်ကွန်မြို့အနီးမှာတော့ ဇန်နဝါရီ ၂၉ ရက်က လှေတစင်း နစ်မြုပ်ခဲ့ရာမှာ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး တဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အစ္စလာ မူဟယ်ရက်စ် ကျွန်းကနေ ပွယ်တိုးဟွာရေးဆိပ်ကမ်းကို သွားရာလမ်းမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုအပြီး သင်္ဘောသားတဦးနဲ့ ကပ္ပတိန်တဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဒဏ်ရာရ ခရီးသည်တွေကို ဆေးမှူးတွေက တနင်္လာနေ့နှောင်းပိုင်းမှာ ကန်ကွန်ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပြီး မတော်တဆမှုဖြစ်ရတဲ့အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013