DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အားလျော့လာ၊ အဆင့် ၁၆၂ တွင် မြန်မာ ရပ်တည်
DVB
·
January 31, 2024
ကမ္ဘာတဝန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အားလျော့လာ၊ အဆင့် ၁၆၂ တွင် မြန်မာ ရပ်တည်
Donate to DVB

ကမ္ဘာတဝန်း တရားဥပဒေစိုးမိုးမှု ကျဆင်းလာတာနဲ့အမျှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလည်း အားလျော့လာတယ်လို့ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ (TI) က  ဇန်နဝါရီ ၃၀ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ်အတွက် အဂတိလိုက်စားမှု အညွှန်းကိန်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒိန်းမတ်နိုင်ငံက အဂတိလိုက်စားမှု အနည်းဆုံးနဲ့ အသန့်ရှင်းဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးမှာ ခြောက်နှစ်ဆက် ရပ်တည်နိုင်ခဲ့ပါတယ်။

နိုင်ငံနဲ့ နယ်နိမိတ် ၁၈၀ အတွက်  ထုတ်ပြန်တဲ့စစ်တမ်းမှာ မြန်မာနိုင်ငံကတော့ အဆင့် ၁၆၂ မှာ ပူးတွဲရပ်တည်နေပါတယ်။

နိုင်ငံ ၂၃ နိုင်ငံဟာ အညွှန်းကိန်းထုတ်ပြန်ခဲ့သမျှ ဆယ်စုနှစ်သုံးခုအတွင်းမှာ အနိမ့်ဆုံးအမှတ်တွေ ရခဲ့ပါတယ်။

အသန့်ရှင်းဆုံး ထိပ်တန်း ၁၀ နိုင်ငံမှာ ဖင်လန်၊ နယူးဇီလန်၊ နော်ဝေ၊ စင်ကာပူ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဂျာမနီ၊ လူဇင်ဘာ့ဂ်တို့ အစဉ်လိုက် ရပ်တည်နေပါတယ်။  အမေရိကန်ကတော့ ၆၉ မှတ်နဲ့ အဆင့် ၂၄ မှာ ရှိနေပါတယ်။

ထိပ်ဆုံး ၁၀ နိုင်ငံမှာ ဥရောပနိုင်ငံတွေနဲ့ နယူးဇီလန်အပြင် အာရှက စင်ကာပူတနိုင်ငံပဲ ပါဝင်ခဲ့တာပါ။

အကျင့်ပျက်ခြစားမှု အမြင့်ဆုံးဆိုရင် သုညမှတ်ပဲရပြီး အသန့်ရှင်းဆုံးဆိုရင် အမှတ် ၁၀၀ လို့ သတ်မှတ်တာ ဖြစ်ပါတယ်။

ထိပ်ဆုံးက ဒိန်းမတ်က အမှတ် ၉၀ ရပြီး မြန်မာကတော့ အမှတ် ၂၀ ရပါတယ်။ အောက်ဆုံးက ဆိုမာလီယာကတော့ ၁၁ မှတ်ပဲ ရပါတယ်။

“၂၀၁၆ ကတည်းက တရားရေးနဲ့ တရားဥပဒေစိုးမှုက ကမ္ဘာတဝန်း ကျဆင်းလာပါတယ်။ တရားစီရင်ရေးစနစ် အားနည်းလာတာနဲ့အမျှ အစိုးရဝန်ထမ်းတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှု ကျဆင်းလာတဲ့အချက်ဟာ ကမ္ဘာတဝန်း အဂတိလိုက်စားမှု အားကောင်းလာစေတဲ့ အဓိကအချက်ဖြစ်ပါတယ်လို့ TI အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013