DVB Logo
Home
မြန်မာသတင်း
ယူအန်အက်ဖ်စီညီလာခံ ခေတ္တရပ်နား
DVB
·
August 29, 2014
ယူအန်အက်ဖ်စီညီလာခံ ခေတ္တရပ်နား
Donate to DVB

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့တွေကြား မကျေလည်မှုတွေ ရှိနေတာကြောင့် ညီလာခံကို သတ်မှတ်ထားတဲ့ ၄ ရက်အတွင်း မပြီးမပြတ်ဖြစ်ပြီး ခေတ္တရပ်နားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ် ၂၅ ရက်ကစပြီး ယူအန်အက်စ်စီရဲ့ ညီလာခံ စတင်ခဲ့ကြပြီး ပြီးဆုံးရမယ့် နောက်ဆုံးရက်ဖြစ်တဲ့ သြဂုတ် ၂၈ ရက်မှာ အဖွဲ့ရဲ့ ဖွဲ့စည်းပုံ ဆွေးနွေးရင်း မပြီးပြတ်ဘဲ ခေတ္တရပ်နားခဲ့ပါတယ်။

UNFCညီလာခံမှာ သဘောထားကွဲလွဲမှုတွေနဲ့ ပတ်သက်လို့ အကြိတ်အနယ် ဆွေးနွေးကြ တယ်လို့သာ ကြားသိရပေမယ့် ညီလာခံကျင်းပသူတွေက ပြင်ပကို သတင်းထုတ်ပြန်မှုအပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။

ယူအန်အက်ဖ်စီရဲ့ ညီလာခံကျင်းပရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက အဖွဲ့ဝင်တွေကြား ဆွေးနွေးချက် မကျေလည်တာတွေ ရှိနေတာကြောင့်လို့ ပြောပါတယ်။

“မကျေလည်တာ။ စစ်ရေးနဲ့ နိုင်ငံရေးကို တပြိုင်နက်တည်း ဟန်ချက်ညီ ပြင်ဆင် လုပ်ကိုင်မလား။ သို့နည်းမဟုတ် နိုင်ငံရေးကို ပိုဦးစားပေးပြီး စစ်ရေးကို ချိုထားပြီးတော့ သိုသိုသိပ်သိပ်ပုံစံနဲ့ သွားမလား၊ ဒါလေးတွေ နည်းနည်းကွဲလွဲတာ ရှိတယ်။ စုဖွဲ့မှုမှာ တပ်ပေါင်းစုတခုအနေနဲ့ အခါတိုင်းလိုက Top Down လို့ခေါ်တဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဗဟိုအလုပ်မှုဆောင်နဲ့ ဗဟိုကော်မတီလို့ခေါ်တဲ့ ဖက်ဒရယ် ကော်မတီပေါ့။ ပုံစံကောင်းမလား။ သို့တည်းမဟုတ် ဖိုရမ်ခပ်ဆန်ဆန် အဖွဲ့ကိုယ်စားလှယ်တွေလာ စုပြီးတော့ အဲဒီမှာ စုံချက်လုပ် အဲဒီကနေ ပြန်ခွဲဝေပေါ့လေ။ အဲဒီလို ပုံစံကောင်းလားပေါ့။ စုဖွဲ့မှု ပုံသဏ္ဌာန်နဲ့ စစ်ရေး၊ နိုင်ငံရေးမှာ ထားတဲ့သဘောထား အဲဒီနေရာလေးမှာ နည်းနည်းညှိနေလို့ အဲဒါလေးတွေကို ပြီးပြတ် ကျေလည်အောင် ဆွေးနွေးနေကြတာပါ။”

အခု ညီလာခံကနေ ခေါင်းဆောင်သစ်ရွေးဖို့ ရှိနေပြီး အဲဒီအစီအစဉ်ကို ဆွေးနွေးတဲ့ဆီ မရောက်သေးပါဘူး။

ကြိုတင် သတ်မှတ်ထားတဲ့အတိုင်း ယူအန်အက်ဖ်စီအဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင် တွေနဲ့ ပြည်တွင်းက လာရောက်ကြတဲ့ တိုင်းရင်းသားပါတီခေါင်းဆောင်တွေ၊ ၈၈ အဖွဲ့၊ ၉၀ ရွေးကောက်ခံအမတ်တွေနဲ့ နိုင်ငံရေးအင်အားစုတို့ကတော့ သြဂုတ် ၂၉ နဲ့ ၃၀ တို့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အဲဒီနောက် သြဂုတ် ၃၁ နေ့မှာတော့ မပြီးသေးတဲ့ ယူအန်အက်ဖ်စီညီလာခံကို ဆက်လက်ကျင်းပဖို့ ရှိပြီး အဲ့ဒီနေ့မှာပဲ ညီလာခံနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး သတင်းထုတ်ပြန်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013