DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၃ နှစ်ပြည့်နေ့တွင် အသံတိတ်သပိတ်နှင့် အဖြူရောင်လှုပ်ရှားမှု ပြုလုပ်မည်
DVB
·
January 29, 2024
စစ်အာဏာသိမ်း ၃ နှစ်ပြည့်နေ့တွင် အသံတိတ်သပိတ်နှင့် အဖြူရောင်လှုပ်ရှားမှု ပြုလုပ်မည်
1 / 5
Donate to DVB

နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်နေ့မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်နဲ့ အဖြူရောင် လှုပ်ရှားမှုမှာ ပြည်သူတွေအားလုံးပါဝင်ကြဖို့ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေး အဖွဲ့အစည်း အသီးသီးက တိုက်တွန်းထားကြပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေကို မသွားကြဘဲ ‘အပြင်မထွက်၊ အသံတိတ်သပိတ်’ မှာ ပါဝင်ကြရမှာ ဖြစ်ပါတယ်။

သပိတ်ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက “နေရာဒေသမရွေး လူထုအားလုံးပါဝင်နိုင်တဲ့ တိုက်ပွဲနည်းနာကြီးဖြစ်သလို စစ်အာဏာရူးတွေ ဒူးတုန်အောင် ကြောက်တဲ့ သပိတ်ကြီးပါ။ မြန်မာလူထုရဲ့ တော်လှန်စိတ်၊ ဇွဲသတ္တိနဲ့ စုစည်းညီညွတ်မှုကို တကမ္ဘာလုံးက အသိအမှတ်ပြု၊ အံ့ဩကြရတဲ့ တိုက်ပွဲနည်းနာကြီးလည်း ဖြစ်ပါတယ်။ ဒီနည်းနာက အသံတိတ်ပေမယ့် အလံလိပ်တာ လုံးဝ မဟုတ်ပါဘူး။ ငါတို့ မြို့၊ ငါတို့ ဒေသ ငါတို့ ပိုင်တယ်။ ငါတို့ ငြိမ်ချင်ငြိမ်မယ်၊ ငါတို့ လှုပ်ချင်လှုပ်မယ်ဆိုတာ ပြည်သူ့ သတင်းစကားပဲ။ စစ်အာဏာရူးတွေ ငါတို့ကို “လုံးဝ အုပ်ချုပ်ခွင့်မရစေရ” ဆိုတာ ကျွန်ုပ်တို့လူထုကြီးရဲ့ ကြွေးကြော်သံ။ ဒီ Silent Strike ရဲ့ ဆိုလိုရင်းက အဲဒီရက်၊ အဲ့ဒီအချိန်တွင်း လမ်းမတွေမှာ၊ အများပြည်သူဆိုင်ရာ နေရာတွေမှာ တိတ်ဆိတ် ခြောက်ကပ်နေဖို့ပဲ။ ပြည်သူတွေက အပြင်ကို မထွက်ကြဖို့ပဲ။ ကိုယ့်အိမ်၊ ကိုယ်ဈေးဆိုင်၊ ကိုယ့်ရုံး၊ ကိုယ့်အမိုးအကာ အောက်မှာပဲနေကြဖို့ပါပဲ။ Silent Strike ကို ပညာသားပါပါနဲ့ ဖော်ဆောင် ဆင်နွှဲကြမယ်နော်” လို့ တိုက်တွန်းထားပါတယ်။

အခု ၂၀၂၄ ခုနှစ်ဟာ  ပြည်သူလူထုတရပ်လုံးအနေနဲ့ တော်လှန်တိုက်ပွဲမှာ တက်စုံဖွင့် ရွက်ကုန်လွှင့်ရမယ့် နှစ်ပဲဖြစ်ပြီး ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို ထောက်ခံပါတယ် ဆိုတာထက်ပိုတဲ့ လက်တွေ့ပူးပေါင်းပါဝင်မှုတွေနဲ့ သက်သေပြရမယ့်အချိန်လို့ သူက ဆိုပါတယ်။

အဖြူရောင်လှုပ်ရှားမှု (White Campaign)ကတော့ အင်္ကျီအဖြူ၊ ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူ အစရှိတဲ့ အဖြူရောင် အဝတ်အစား၊ အသုံးအဆောင်တွေကို ပြည်သူအားလုံးက အဆင်ပြေသလို ဝတ်ဆင်ကြရမဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

ဒေါက်တာတေဇာဆန်းက “အဖြူရောင်လှုပ်ရှားမှုကနေ အဓိက ရည်ရွယ်တောင်းဆိုချက် ၃ ခု ရှိပါတယ်။ ၁၊ အာဏာသိမ်းစစ်အုပ်စုကို လေယာဉ်လောင်စာဆီ ရောင်းချ၊ သယ်ယူပေးနေကြတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး ရပ်တန်းက ရပ်ကြဖို့၊ ၂၊ အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေကို အတင်းအဓမ္မ ကောက်ခံနေတဲ့ ‘သွေးစွန်းအခွန်အခ’ တွေ လုံးဝ မပေးဆောင်ကြဖို့၊ ၃၊ အာဏာသိမ်း စစ်အုပ်စုရဲ့ အစတေးခံ၊ ထိုးကျွေးခံဘဝ ရောက်နေပြီဖြစ်တဲ့ မြေပြင်တပ်မှူး တပ်သားများ အနေနဲ့ အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့၊ အလင်းဝင်ကြဖို့၊ ‘အလံဖြူ’ ထောင်ကြဖို့” လို့ ရှင်းပြထားပါတယ်။

White Campaign ကိုတော့ နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် တရက်တည်းအတွက်သာမကဘဲ ရှေ့ဆက်လည်း အပတ်စဉ် တနင်္လာနေ့တိုင်း ဖော်ဆောင်သွားကြဖို့ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013