DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ဒေါ်လာသန်း ၄၈၀ တန် နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်
DVB
·
August 29, 2014
မန္တလေးတွင် ဒေါ်လာသန်း ၄၈၀ တန် နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်
Donate to DVB

မန္တလေးတိုင်းဒေသကြီးမှာ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ သန်း ၄၈၀ လောက် ကုန်ကျမယ့် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ရုံ တည်ဆောက်ဖို့ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ သဘောတူညီ လက်မှတ်ရေးထိုးလိုက်တယ်လို့ အမေရိကန် ကုန်သွယ်ရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

1_103လျှုပ်စစ်ဓာတ်အား မဂါဝပ် ၁၅၀ စီ ထုတ်လုပ်နိုင်မယ့် နေစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ ၂ ရုံကို မြင်းခြံနဲ့ မိတ္ထီလာမြိုနယ်တွေမှာ တည်ဆောက်သွားဖို့ အမေရိကန်ပိုင် အေစီအို ရင်းနှီးမျြှပ်နှံမှုကုမ္ပဏီအုပ်စုနဲ့ မြန်မာ လျှုပ်စစ်စွမ်းအားဝန်ကြီးဌာနတို့အကြား နေပြည်တော်မှာ သြဂုတ် ၂၈ ရက်နေ့က သဘောတူ လက်မှတ်ထိုးခဲ့ကြတာပါ။

လာမယ့် ၂၀၁၆ ခုနှစ် ဒီစက်ရုံတွေ ပြီးစီးသွားတဲ့အခါမှာ မြန်မာပြည်ရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းပေးနိုင်ဖို့ အမေရိကန်ကုမ္ပဏီက မျှော်မှန်းထားပါတယ်။

ဒီ စက်ရုံစီမံကိန်း တည်ဆောက်ရေးအတွက် လူပါင်း ၄၀၀ လောက်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်မှာ ဖြစ်ပြီး စက်ရုံ ၂ ရုံအတွက် အချိန်ပြည့်ဝန်ထမ်း ၁၀၀ လောက်ကိုလည်း အလုပ်အကိုင်ပေးနိုင်လိမ့်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးကတော့ အမေရိကန် ကုမ္ပဏီက ဆောက်လုပ်မယ့် လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးအစား ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းပါးတဲ့စီမံကိန်း ဖြစ်တယ်လို့ ပြောပါတယ်။

ဒီစီမံကိန်းအတွက် မြင်းခြံခရိုင် နဘူးအိုင်နဲ့ မိတ္ထီလာခရိုင် ၀မ်းတွင်းဒေသတွေမှာ လေ့လာစမ်းစစ်မှုတွေ ပြုလုပ်ထားပြီးပြီးလို့ နိုင်ငံပိုင်မီဒီယာတွေကနေ သတင်း ထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013