DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ကုမ္ပဏီ ၁၂ ခု အဆိုပြု
DVB
·
August 29, 2014
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ကုမ္ပဏီ ၁၂ ခု အဆိုပြု
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာ ၀င်ရောက်ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံပေါင်း ၇ နိုင်ငံက ကုမ္ပဏီကြီး ၁၂ ခုတို့က အဆိုပြုလွှာတွေ သွင်းထားတယ်လို့ တင်ဒါခေါ်ယူရေးနဲ့ စိစစ်ရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။

ရေနက်ဆိပ်ကမ်း အပါအ၀င် စက်မှုစီမံကိန်းနဲ့လူနေအိမ်ရာစီမံကိန်း လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြမှာ ဖြစ်ပါတယ်။

Kyauk Phyu2ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ၀င်ရောက်ရင်းနှီးမြှုပ်နှံလိုတဲ့ ပြည်ပလုပ်ငန်းရှင်တွေကို သြဂုတ် ၂၅ ရက်နေ့ နောက်ဆုံးထားပြီး တင်ဒါခေါ်ယူရေးနဲ့ စိစစ်ရွေးချယ်ရေးအဖွဲ့က အဆိုပြုလွှာတွေကို လက်ခံပေးခဲ့တာပါ။

ဒါကြောင့် ပြည်ပက ရင်းနှီးမြှုပ်နှံလိုတဲ့ ကုမ္ပဏီအရေအတွက် ဘယ်လောက်အဆိုပြုထားရှိပြီးဆိုတာကို တင်ဒါခေါ်ယူရေးနဲ့ စိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်ကျော်သန်းက ဒီဗွီဘီကို အခုလိုပြောပါတယ်။

“နိုင်ငံပေါင်း ၇ နိုင်ငံ ကုမ္ပဏီအုပ်စု ၁၂ စုကနေပြီး သူတို့စိတ်ဝင်စားတဲ့ စီးပွားရေးဇုန် စီမံကိန်း ၃ ခုရှိတယ်။ ဆိပ်ကမ်းရယ်၊ လူနေအိမ်ရာစီမံကိန်းရယ်၊ စက်မှုစီမံကိန်းရယ်ဆိုပြီး ၃ ခုရှိတယ်။ အဲဒီအတွက် အချက်အလက်တွေ အထောက်အထားတွေ တင်ထားပါတယ်။”

အဆိုပြုလွှာတွေ တင်သွင်းထားရှိတဲ့ နိုင်ငံတွေထဲမှာဆိုရင် ဥရောပ အပါအ၀င် အာရှနိုင်ငံတွေက စိတ်ဝင်စားမှုရှိကြတဲ့အနက် အများစုကတော့ အရှေ့တောင်အာရှနိုင်ငံတွေက ဖြစ်ပါတယ်။
ဒီနောက် အဆိုပြုလွှာတွေအပေါ် စိစစ်ရွေးချယ်သွားမယ့်အခြေအနေနဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေလည်း ပါဝင်ခွင့်ရရှိအောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကျောက်ဖြူဒေသခံတွေအနေနဲ့ ဒီစီမံကိန်းက ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်တာ ဖြစ်လို့ လက်ခံတယ်ဆိုပေမယ့် လယ်ယာမြေတွေ ဆုံးရှုံးမလားဆိုတဲ့ စိုးရိမ်စိတ်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံသူတွေ ၀င်ရောက်လာမယ့်အပေါ် ကျောက်ဖြူစီးပွားရေးဇုန် စောင့်ကြည့် လေ့လာရေးအဖွဲ့က စဉ်ဆက်မပြတ် စောင့်ကြည့်နေမယ်လို့ အသင်းဥက္ကဋ္ဌ ဦးဘရွှေက ပြောပါတယ်။
“ကောင်းဖို့လုပ်တာ လက်ခံတယ်။ သို့သော်လည်းပဲ လယ်တွေဘာတွေ ထိခိုက်မှာတို့ အလုပ်မဲ့မှာတို့ စိုးရိမ်တာတော့ ရှိတာပေါ့။ ဒေသကောင်းဖို့အတွက် လက်ခံတယ်။ ရင်းနှီးမြှုပ်နှံသူတွေ ၀င်ရောက်လာရင် စောင့်ကြည့်နေမှာပါ။”

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ပထမအဆင့်အနေနဲ့ လာမယ့် ၂၀၁၅ ခုနှစ် ဧပြီလမတိုင်မီ စတင် လည်ပတ်နိုင်မယ်လို့ မျှော်မှန်းထားပြီး ပထမအဆင့်စီမံကိန်းမှာ အလုပ်အကိုင် အခွင့်အလမ်း ၅ သောင်းနီးပါး ဖန်တီးပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013