စစ်မှန်သော လွတ်လပ်မှုအတွက် မဆုတ်မနစ်တိုက်ပွဲဝင်ကြခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ မြန်မာပြည် လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ(မြောက်ပိုင်းကာလီဖိုးနီးယား)အဖွဲ့ရဲ့ ၁၂၂ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲကို ဒေသစံတော်ချိန် ဇန်နဝါရီ ၂၇ ရက်က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို မြို့တော်ခန်းမရှေ့မှာ ကျင်းပပါတယ်။
ဒါ့အပြင် မြန်မာပြည်တွင်းရှိအခက်အခဲကြုံနေရတဲ့ ပြည်သူတွေအတွက် လှူဒါန်းနိုင် ဖို့ရည်ရွယ်ပြီး ဆန်ဖရန်စစ္စဘေးဧရိယာရှိ Help Myanmar အဖွဲ့က “ငါတို့ပြည်ကို ငါတို့ကူမယ်” လို့ အမည်ပေးထားတဲ့ စုပေါင်းဈေးရောင်းပွဲတော်ကိုလည်း ကျင်းပခဲ့ပါတယ်။
အဆိုပါနေ့ညပိုင်းမှာပဲ ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ နွေဦးတော်လှန်ရေးအင်အားတွေ ပူးပေါင်းပါဝင်တဲ့ International Network for Myanmar Spring Revolution အဖွဲ့ကလည်း ဒုတိယအကြိမ်မြောက် Global Fundraising ရန်ပုံငွေရှာပွဲကို အွန်လိုင်းက ကျင်းပခဲ့ပါတယ်။
ဒီပွဲမှာ ၆၂၊ ၇၄၊ ၈၈ ကျောင်းသားဟောင်းတွေနဲ့ အနုပညာရှင်တွေလည်း ပူးပေါင်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။