DVB Logo
Home
နိုင်ငံတကာ
ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီအတွက် ရန်ပုံငွေ ပြန်ထောက်ပံ့ရန် ပါလက်စတိုင်းသမ္မတရုံး တိုက်တွန်း
DVB
·
January 28, 2024
ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီအတွက် ရန်ပုံငွေ ပြန်ထောက်ပံ့ရန် ပါလက်စတိုင်းသမ္မတရုံး တိုက်တွန်း
Donate to DVB

ပါလက်စတိုင်း ပြည်သူတွေအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNRWA) အတွက် ရန်ပုံငွေထောက်ပံ့မှုကို ခေတ္တရပ်ဆိုင်းထားဖို့ နိုင်ငံတချို့ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းနေပြီး ဒါကို ချက်ချင်း ရပ်တန့်သင့်ကြောင်း ပါလက်စတိုင်းသမ္မတ မာမွဒ်အက်ဘာ့စ် ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၂၇ ရက်မှာ ဝေဖန်ပြောကြားလိုက်ပါတယ်။

အစ္စရေးကို အောက်တိုဘာ ၇ ရက်က ဟားမတ်စ် တိုက်ခိုက်မှုမှာ  ဂါဇာကမ်းမြောင်ဒေသရှိ (UNRWA) ဝန်ထမ်းတချို့ ပါဝင်နေခဲ့ကြောင်း အစ္စရေးက စွပ်စွဲထားချက်တွေ ထွက်လာအပြီးမှာ အမေရိကန်၊ သြစတြေးလျနဲ့ ကနေဒါတို့ဟာ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း ပြည်သူတွေအတွက် အရေးပါတဲ့ ပံ့ပိုးကူညီမှုပေးနေတဲ့ (UNRWA) အကူအညီပေးရေး အေဂျင်စီထံ ရန်ပုံငွေထောက်ပံ့မှုကို ခေတ္တရပ်ထားခဲ့ပြီးနောက် စနေနေ့မှာ ဗြိတိန်၊ အီတလီ၊ နယ်သာလန်နဲ့ ဖင်လန် တို့လည်း (UNRWA) အေဂျင်စီအတွက် ရန်ပုံငွေကို ခေတ္တရပ်နားထားဖို့ ဆုံးဖြတ်လိုက်တဲ့ နောက်ဆုံးနိုင်ငံတွေ ဖြစ်လာပါတယ်။

ဒါဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာ ဖြစ်တာကြောင့် UNRWA ကို ရန်ပုံငွေ ပြန်ထောက်ပံ့ပေးဖို့ ဒီနိုင်ငံတွေအားလုံးကို တိုက်တွန်းအပ်ပါကြောင်းလည်း ပါလက်စတိုင်းသမ္မတ မာမွဒ်အက်ဘာ့စ် ရဲ့ ပြောရေးဆိုခွင့်ရှိသူ နာဘီးလ် အဘူ ရူဒိုင်းနား က ပြောပါတယ်။ 

ကုလအေဂျင်စီ UNRWA ဟာ သူ့ဝန်ထမ်း အများအပြားကို စုံစမ်းစစ်ဆေးမှုဖွင့်ပြီး သူတို့တွေကို အဆက်အသွယ်ဖြတ်ထားကြောင်း သောကြာနေ့မှာ ပြောခဲ့ပါတယ်။ 

အလှူရှင် ဆိုင်းငံ့မှုတွေကို ပိုလုပ်ဖို့ တွန်းအားပေးရင်း နယ်မြေတွင်း တိုက်ပွဲတွေ လုံးဝအဆုံးသတ်သွားတဲ့အချိန်ကျရင် UNRWA ကို အသစ် ပြန်အစားထိုးသင့်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ် က ပြောကြားလိုက်ပြီး UNRWA ဟာ ဂါဇာရှိ အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ အချိတ်အဆက် ရှိနေတယ်လို့  စွပ်စွဲခဲ့ပါတယ်။

ရိုက်တာဟာ မှတ်ချက်ပေးဖို့ UNRWA ရဲ့ ဆက်သွယ်ရေး အကြီးအကဲကို ချက်ချင်း ဆက်သွယ်လို့ မရပါဘူး။ 

UNRWA ဟာ အရင်ကလည်း အလားတူ စွပ်စွဲချက်တွေကို အမြဲတမ်း ပယ်ချခဲ့ပြီး ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီတခုအဖြစ် ထိန်းသိမ်းထားပါတယ်။ 

Source/Photo - REUTERS/Hossam Azam

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013