
အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းဟာ အင်္ဂလန်ပရီးမီးယားလိဂ်က စပါးအသင်းရဲ့ ဂိုးသမား ဂူလီယယ်လ်မို ဗီကာရီယိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြန်လည်စတင်လိုက်ပါပြီ။
နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းရဲ့ ဂိုးသမားနေရာအတွက် အင်အားဖြည့်တင်းဖို့ ဂျူဗင်တပ်စ်က စီစဉ်နေတာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ဟာ အရင်က အက်စတွန်ဗီလာဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ခေါ်ယူဖို့ အဓိကပစ်မှတ်ထား ကြိုးပမ်းခဲ့တာပါ။
ဒါပေမဲ့ မာတီနက်ဇ်နဲ့ ဆွေးနွေးမှုတွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေညက ရုတ်တရက် ပျက်ပြားသွားခဲ့တာကြောင့် အခုလို ဗီကာရီယိုဘက်ကို ပြန်လည်လှည့်လာတာ ဖြစ်ပါတယ်။











