DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး မဟာမိတ်များနှင့်ပူးပေါင်းမည်ဟု PNLO ပြော
DVB
·
January 27, 2024
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး မဟာမိတ်များနှင့်ပူးပေါင်းမည်ဟု PNLO ပြော
Donate to DVB

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်တဲ့အထိ ဘဝတူ ညီနောင်မဟာမိတ်တွေနဲ့ ဆင်နွှဲသွားမယ်လို့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)က မနေ့က

ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်တပ်ဩဇာညောင်းတဲ့ ငြိမ်းချမ်းရေးတွေ့ဆုံမှု အခင်းအကျင်းမှာ ၈ နှစ်ကြာအောင် မျှော်လင့်ချက်ကြီးစွာနဲ့ စိတ်ရောကိုယ်ပါ ပါဝင်လုပ်ဆောင်ခဲ့ပေမဲ့ အာမခံချက်ရှိတဲ့ နိုင်ငံရေးရလဒ်မရခဲ့ဘူးလို့ PNLOက ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

အခုလ ဇန်နဝါရီ  ၂၁ ရက်နေ့က  ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့နယ် စံဖူးရွာမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) ယာဉ်တန်းကို စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်း ပြည်သူ့စစ် အဖွဲ့တွေက တားဆီးရာကနေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့လို့လည်း ပြောပါတယ်။ ဒီအခြေအနေမှာပဲ စစ်မီးမကူးဆက်အောင် စစ်ကောင်စီနဲ့ ညှိနှိုင်းခဲ့ပေမဲ့ မအောင်မြင်ဘဲ ဇန်နဝါရီ ၂၂ ရက်နေ့ညမှာတော့ စစ်ကောင်စီက PNLO ဌာနချုပ်အဝန်းအဝိုင်းက နောင်ထော်ရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ  ဗုံးကြဲတိုက်ခိုက်လို့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အခုဖြစ်နေတဲ့ စစ်ရေးပဋိပက္ခဟာ လူမျိုးရေးပဋိပက္ခမဟုတ်ဘဲ စစ်အာဏာရှင် ယန္တရားကို လည်ပတ်စေတဲ့သူတွေနဲ့ အဖိနှိပ်ခံ တိုင်းရင်းသားတွေနဲ့ တပြည်လုံးက ပြည်သူတွေကြားမှာဖြစ်တဲ့ ပဋိပက္ခဖြစ်ကြောင်း  PNLO က ဆိုပါတယ်။   လက်ရှိစစ်ရေးပဋိပက္ခမှာ ပအိုဝ်းအမျိုးသားအချင်းချင်း အပြန်အလှန် ပစ်ခတ် တိုက်ခိုက်တာတွေ မလုပ်ကြောင်းနဲ့ စစ်ကောင်စီလက်အောက်မှာရှိတဲ့ ပအိုဝ်းအမည်ခံ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် ကူးပြောင်း ရပ်တည်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး မနေ့ကတော့ ဆီဆိုင်မြို့ အနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းကနေ  ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013