DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယနှင့် ပြင်သစ် အရပ်ဘက်သုံး ရဟတ်ယာဉ်များ ထုတ်လုပ်မည်
DVB
·
January 27, 2024
အိန္ဒိယနှင့် ပြင်သစ် အရပ်ဘက်သုံး ရဟတ်ယာဉ်များ ထုတ်လုပ်မည်
Donate to DVB

အိန္ဒိယနိုင်ငံက တာတာ လုပ်ငန်းစုကြီးနဲ့ ပြင်သစ်နိုင်ငံက လေယာဉ်ထုတ်လုပ်မှု လုပ်ငန်း အဲရ်ဘတ်စ်တို့ဟာ အရပ်ဘက်သုံး ရဟတ်ယာဉ်တွေ ထုတ်လုပ်ရေး သဘောတူညီချက် တရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဗစ်နေး ကွာထရာက ဇန်နဝါရီ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။ 

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ရဲ့ အိန္ဒိယနိုင်ငံဆီ နိုင်ငံတော်ခရီးစဉ်အတွင်း ဒီသဘောတူညီချက်ကို လက်မှတ် ထိုးခဲ့တာလို့ သူက ပြောပါတယ်။

တာတာနဲ့ အဲရ်ဘတ်စ်တို့ဟာ C-295 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို ၀န်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ မွေးရပ်မြေ ဂူဂျာရတ်ပြည်နယ်မှာ တည်ဆောက်ဖို့ ပူးပေါင်းဆောင်ရွက်နေပါပြီ။

ထုတ်လုပ်တဲ့ စက်တွေထဲက တချို့ကို အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတချို့ဆီ တင်ပို့ ရောင်းချမယ် လို့  အဲရ်ဘတ်စ်က ရဟတ်ယာဉ်တွေအတွက် နောက်ဆုံးတပ်ဆင်ရေးလိုင်း (FAL) အတွက် ကြေညာချက် တခုအတွင်း သောကြာနေ့က ပြောခဲ့ပါတယ်။

တာတာကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်ပါဘူး။ 

အိန္ဒိယမှာ တိုက်လေယာဉ်အင်ဂျင်တွေ ထုတ်လုပ်ရာမှာ ပူးပေါင်းထောက်ပံ့ဖို့ ပြင်သစ်အင်ဂျင် ထုတ်လုပ်သူ ဆာဖွန်ရဲ့ ဖြစ်နိုင်ခြေတွေအပါအဝင် ကာကွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်ချက်တွေ ကို မက်ခွန်းရဲ့ နိုင်ငံတော်ခရီးစဉ်အတွင်း ထပ်ဆွေးနွေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ပြင်သစ်ဟာ အိန္ဒိယရဲ့ ဒုတိယအကြီးဆုံး လက်နက်တင်သွင်းသူ ဖြစ်နေပြီး တောင်အာရှနိုင်ငံ အိန္ဒိယဟာ ပြင်သစ် တိုက်လေယာဉ်တွေကို ဆယ်စုနှစ် ၄ ခုကြာ မှီခိုလာခဲ့တာ ဖြစ်ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013