DVB Logo
Home
နိုင်ငံတကာ
ဆော်ဒီတွင် နှစ်ပေါင်း ၇၀ တွင်း ပထမဆုံးအကြိမ် အရက်ဆိုင်ဖွင့်
DVB
·
January 25, 2024
ဆော်ဒီတွင် နှစ်ပေါင်း ၇၀ တွင်း ပထမဆုံးအကြိမ် အရက်ဆိုင်ဖွင့်
Donate to DVB

ဆော်ဒီအာရေဗျနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော်အတွင်း ပထမဆုံးအနေနဲ့ အရက်အရောင်းဆိုင် တဆိုင်ကို မြို့တော် ရီယာ့ဒ်မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ပြည်ပက မွတ်စလင်မဟုတ်တဲ့ သံတမန်တွေအတွက်ပဲ သီးသန့်ရောင်းချသွားမှာဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဖောက်သည်တွေဟာ မိုဘိုင်းအက်ပလီကေးရှင်းကတဆင့် မှတ်ပုံတင်ရမှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ခွင့်ပြုကုတ်နံပါတ် ယူရမှာဖြစ်ကာ လစဉ်ခွဲတမ်းနဲ့ပဲ ဝယ်လို့ရမှာ ဖြစ်ပါတယ်။

ရေနံကို အမှီပြုစရာမလိုတဲ့ စီးပွားရေးကို တည်ဆောက်ဖို့ ၂၀၃၀ မျှော်မှန်းချက် စီမံကိန်းရဲ့ တစိတ်တဒေသအဖြစ် အခုလို အရက်ရောင်းချမှုကို တရားဝင်ဖွင့်ပေးတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အရက်လာဝယ်တဲ့ သံတမန်ဟာ အသက် ၂၁ နှစ်အထက် ရှိရမှာဖြစ်ပြီး လျော်ကန်စွာ ဝတ်စားလာရမှာ ဖြစ်တယ်။ လူငှားနဲ့၊ ဥပမာ ကိုယ့်ယာဉ်မောင်းကိုလွှတ်ပြီး ဝယ်ခိုင်းတာမျိုး လက်မခံဘူးလို့ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။

ဒါ့အပြင် ပွိုင့်စနစ်နဲ့ သွားမှာဖြစ်ပြီး လူတဦးကို တလ ပွိုင့် ၂၄၀ ရမှာဖြစ်ပြီး အရက်တလီတာ တပုလင်းကို ၆ ပွိုင့်၊ ဝိုင်တလီတာ တပုလင်းကို ၃ ပွိုင့်၊ ဘီယာတလီတာကို တပွိုင့်ကုန်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာကို အဓိကချုပ်ကိုင်ထားသူလို့ မှတ်ယူကြတဲ့ အမ်ဘီအက်စ် ခေါ် အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ဟာ အလွန်ရှေးရိုးစွဲတဲ့ မွတ်စလင်နိုင်ငံကို ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးအရ တံခါးဖွင့်ဖို့ ကြိုးစားနေပါတယ်။

အရက်ဆိုင်ကိုတော့ ရီယာ့ဒ်မြို့တော်ရဲ့ သံတမန်ရပ်ကွက်မှာ ဖွင့်မှာဖြစ်ပြီး နောင်ကျရင် ပြည်ပက သံတမန်မဟုတ်တဲ့ မွတ်စလင်မဟုတ်သူတွေပါ တိုးချဲ့ရောင်းချပေးမလား ဆိုတာတော့ မသိရသေးပါဘူး။

ဆော်ဒီမှာ ပြည်ပက ရွှေ့ပြောင်းအခြေချလုပ်ကိုင်သူ သန်းနဲ့ချီရှိနေပေမဲ့ အများစုက အာရှနဲ့ အီဂျစ်က မွတ်စလင်တွေ ဖြစ်ပါတယ်။

ဆော်ဒီမှာ အရက်သောက်ရင် ကြိမ်ဒဏ် အချက် ၁၀၀၊ ပြည်နှင်ဒဏ်၊ ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်ပြီး အခုတော့ ကြိမ်ဒဏ်နေရာမှာ ထောင်ဒဏ်နဲ့ အစားထိုးထားပါတယ်။

Source/Photo-REUTERS/Ahmed Yosri

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013