DVB Logo
Home
အားကစား
ဝင်ငွေအကောင်းဆုံးအသင်းစာရင်းတွင် မန်စီးတီးကို ကျော်ဖြတ်ပြီး ရီးရဲလ်ရပ်တည်
DVB
·
January 25, 2024
ဝင်ငွေအကောင်းဆုံးအသင်းစာရင်းတွင် မန်စီးတီးကို ကျော်ဖြတ်ပြီး ရီးရဲလ်ရပ်တည်
Donate to DVB

ပြီးခဲ့တဲ့ရာသီအတွင်း ဝင်ငွေအကောင်းဆုံးအသင်းစာရင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းက ဆုဖလားသုံးလုံးပိုင်ရှင် မန်စီးတီးကို ကျော်လွန်ပြီး နံပါတ်တစ်နေရာမှာရပ်တည်ခဲ့ပါတယ်။

Deloitte ဆိုတဲ့ ဘောလုံးအချက်အလက်ဆိုင်ရာအဖွဲ့ရဲ့ လေ့လာဆန်းစစ်ချက်အရ ရီးရဲလ်မက်ဒရစ် အသင်းက ၂၀၂၂-၂၀၂၃ ရာသီအတွင်း ယူရို ၈၃၁ သန်း ဝင်ငွေရရှိခဲ့ပြီး ယူရို ၈၂၆ သန်းဝင်ငွေရှိခဲ့တဲ့ မန်စီးတီးကို ကျော်ဖြတ်ခဲ့တာပါ။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားသုံးလုံးအထိရယူနိုင်ခဲ့ပေမဲ့ အောင်မြင်မှု နည်းပါးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က ပိုပြီး ဝင်ငွေကောင်းခဲ့တာပါ။

စီးပွားရေးဆိုင်ရာစာချုပ်တွေနဲ့ ရုပ်သံထုတ်လွှင့်ခွင့်တွေက ဝင်ငွေတွေပါဝင်ပြီး ထိပ်ဆုံး အသင်း ၂၀ က ၁၄ ရာခိုင်နူန်းအထိ တိုးတက်လာခဲ့တာပါ။

ရီးရဲလ်နဲ့ မန်စီးတီးတို့ရဲ့နောက်မှာ ပီအက်စ်ဂျီက ယူရို ၈၀၂ သန်းနဲ့ တတိယနေရာမှာရပ်တည်နေပြီး ယူရိုသန်း ၈၀၀ ဝင်ငွေရခဲ့တဲ့ ဘာစီလိုနာက စတုတ္ထ၊ ဝင်ငွေ ယူရို ၇၄၆ သန်းရရှိတဲ့ မန်ယူအသင်းက ပဉ္စမနေရာမှာ ရပ်တည်ပါတယ်။

ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ လီဗာပူးအသင်းက မနှစ်ကထက် ဝင်ငွေအနည်းဆုံးဖြစ်ခဲ့ပြီး အဆင့် ၃ ကနေ ၇ အထိကျဆင်းသွား တာပါ။

စပါး၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့က ထိပ်ဆုံး ၁၀ သင်းစာရင်းမှာပါဝင်ပြီး နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့က ထိပ်ဆုံးအသင်း ၂၀ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013