DVB Logo
Home
မြန်မာသတင်း
ယာယီနယ်စပ်ဖြတ်အလုပ်လုပ်ခွင့် လက်မှတ် လုပ်ပေးရန် ဆွေးနွေး
DVB
·
August 28, 2014
ယာယီနယ်စပ်ဖြတ်အလုပ်လုပ်ခွင့် လက်မှတ် လုပ်ပေးရန် ဆွေးနွေး
Donate to DVB

မြန်မာအပါအ၀င် အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို ယာယီနယ်စပ် ဖြတ်သန်းပြီး အလုပ်လုပ်ခွင့် လတ်မှတ်တွေ လုပ်ဆောင်ပေးဖို့ စဉ်းစားနေတယ်လို့ ထိုင်းအလုပ်သမား ၀န်ကြီးဌာနက ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်လုပ်ခွင့်မရှိတဲ့ နေ့ချင်းပြန် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်တွေကိုင်ဆောင်ပြီး အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

Mae sot br copyထိုင်းနိုင်ငံက အထူးစီးပွားရေးဇုန်လို့ သတ်မှတ်ထားတဲ့ ခရိုင် ၅ ခုမှာ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံသားတွေက ဒီဖြတ်သန်းခွင့်ကို ရရှိကြမယ်လို့ ထိုင်းအလုပ်သမား ၀န်ကြီးဌာနက အမြဲတမ်း အတွင်းရေးမှူး ဂျိုင်ရာဆတ် ဆူဟွန် သချတ်ကို ကိုးကားပြီး ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံ ကရင်ပြည်နယ်တဘက်ခြမ်းက တပ်ခ်၊ မူဒါဟန်၊ ဆွန်ခလာ၊ ထရပ်နဲ့ ဆာကယောက် မြို့တို့မှာ မနက်ပိုင်း ကားနဲ့ လာရောက် လုပ်ကိုင်ပြီး ညနေမှာ ပြန်နိုင်အောင် ရွှေ့ပြောင်း အလုပ်သမားတွေကို ခွင့်ပြုသွားမှာဖြစ်ပါတယ်။

ယာယီ နယ်စပ်ဖြတ်သန်း အလုပ်လုပ်ခွင့်ကနေတဆင့် ရာသီအလိုက် အလုပ်လုပ်ခွင့်ကိုလည်း ပေးသွားမှာ ဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ သတ်မှတ် ကာလတခုမှာ အလုပ်တွေ လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

နိုင်ငံခြားရေး ၀န်ကြီးဌာနက ထိုင်းရဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်အစီအစဉ်မှာ ပါဝင်တဲ့ နိုင်ငံတွေနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်တွေကို ဆောင်ရွက်နိုင်ဖို့ အရင်က ဆောင်ရွက်နေတဲ့ အရာတွေနဲ့ မတူ လူဝင်မှုကြီး ကြပ်ရေးက ပိုမိုအဆင်ပြေစေမယ့် နေ့ချင်းပြီး ၀န်ဆောင်မှု ပေးတဲ့ စင်တာတွေကို တည်ထောင်သွား မယ်လို့လည်း ပြောပါတယ်။

ဒီစင်တာ အသစ်တွေက အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ပေးမယ့် အဖွဲ့အစည်းတွေဖြစ်ပြီး အထူးစီးပွားရေးဇုန် ၅ ခုမှာ အလုပ်လုပ်ခွင့်ပေးသွားမယ်လို့ ထိုင်း အလုပ်သမား ကာကွယ်ရေးနဲ့ ဖူလုံရေး ဌာနက ညွန်ကြားရေးမှူးက ပြောပါတယ်။

ဒါအပြင် အလုပ်သမားတွေရဲ့ လုပ်အားခ၊ အကျိုးခံစားခွင့်၊ နေရေး ထိုင်ရေးတွေကိုလည်း လုပ်ဆောင်ပေးမှာ ဖြစ်သလို လူကုန်ကူးမှုကို တိုက်ဖျက်နိုင်မယ်လို့ ဆိုပါတယ်။

အာဆီယံ စီးပွားရေး အသိုင်းအ၀န်းအတွက် ပြင်ဆင်မှု တခုဖြစ်သလို ၀န်ကြီးဌာနကလည်း ထိုင်းအလုပ်သမား စံချိန်စံနှုန်းနဲ့ အလုပ်သမား ဆက်ဆံရေးကို ဦးတည် ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။

ဌာနအနေနဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့က သတ်မှတ်ထားတဲ့ အလုပ်သမား ကာကွယ်ရေး စံချိန်စံနှုန်းတွေကို ပြည့်မီ အောင်ရည်မှန်းထားတယ်လို့ ပြောပါတယ်။

ထိုင်းအလုပ်သမား စံချိန်စံနှုန်းတွေ တိုးတက်မြင့်မားလာဖို့ အလုပ်သမား ၀န်ကြီးဌာနက အလုပ်ရှင်တွေကို အတူလက်တွဲဆောင်ရွက်ဖို့ အားပေးနေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ အလုပ်သမားတွေအပေါ် ဆက်ဆံမှုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာမှာ အဆင့်သတ်မှတ်ချက် လျော့ကျနေပါတယ်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အလုပ်သမား ၈ သိန်းကျော်က ဇွန် ၂၆ နဲ့ သြဂုတ် ၂၀ မှာ လုပ်ဆောင်ပေးနေတဲ့ မှတ်ပုံတင်ရေး အစီအစဉ်မှာ မှတ်ပုံတင်ခဲ့ပြီး ခရိုင် ၂၂ ခုက ငါးလုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ ဒီ ၃ နိုင်ငံက အလုပ်သမား ၃ သောင်းကျော် ဇူလိုင် ၂၂ ရက်ကနေ သြဂုတ် ၁၈ ရက်မှာ မှတ်ပုံတင်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013