DVB Logo
Home
မြန်မာသတင်း
ရေကြောင်းဆိုင်ရာစိမ်ခေါ်မှုများ ပူးတွဲဖြေရှင်းကြရန် အာဆီယံသဘောတူ
DVB
·
August 28, 2014
ရေကြောင်းဆိုင်ရာစိမ်ခေါ်မှုများ ပူးတွဲဖြေရှင်းကြရန် အာဆီယံသဘောတူ
Donate to DVB

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံတွေအကြား ခိုင်မာတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့နဲ့ ရေကြောင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးတွဲဖြေရှင်းဖို့နဲ့ အာဆီယံနိုင်ငံရေတပ် အကြီးအကဲတွေ သဘောတူညီခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ သြဂုတ် ၂၇ ရက်နေ့က ကျင်းပတဲ့ ၈ ကြိမ်မြောက် အာဆီယံရေတပ်အကြီးအကဲတွေရဲ့ ဆွေးနွေးပွဲမှာ သဘောတူညီခဲ့ကြတာလို့ ဘန်ကောက်ပို့စ် သတင်းစာက ရေးပါတယ်။

[caption id="attachment_63545" align="alignright" width="300"]ဓာတ်ပုံ - thainews ဓာတ်ပုံ - thainews[/caption]ထိုင်းရေတပ်အကြီးအကဲက သဘာဝဘေးအန္တရာယ်နဲ့ ပင်လယ်ဓားပြ နှိင်နင်းတဲ့ ကိစ္စတွေ အပါအ၀င် ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ပြီး အာဆီယံအသိုင်းအ၀န်းကို ၀င်ရောက်ဖို့ အာဆီယံရေတပ်တွေက အဆင့်သင့်ဖြစ်နေတယ်လို့ ပြောပါတယ်။

လူသားချင်းစာနာမှု အကူအညီနဲ့ သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး (အိပ်ခ်ျအေဒီအာ) လေ့ကျင့်မှုတွေကို ထိုင်းနဲ့ မလေးရှားတို့က လက်ခံကျင်းပနေတယ်လို့ သူက ပြောပါတယ်။

ထိုင်းအနေနဲ့ ဆရာဝန်တွေကို ထောက်ပံ့ပေးနေကြောင်းနဲ့ စစ်ဘက် ဆိုင်ရာ အသုံးအနှုန်းနဲ့ ဆက်သွယ်နေတဲ့ အာဆီယံရေတပ်တွေက မိသားစုတခုလို ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ဆွေးနွေးတဲ့အကြောင်းအရာတွေအပေါ် စိတ်ကျေနပ်မိသလို ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို တိုးမြှင့်ဖို့ အာမခံခဲ့ကြတယ်လို့လည်း ထိုင်းရေတပ် ထိပ်တန်းအရာရှိကြီးက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံက ရေတပ်တွေ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်ကြဖို့ ထိုင်းက အဆိုပြုခဲ့ပါတယ်။

မလေးရှား ရေတပ်အကြီးအကဲကလည်း လာမယ့်ဆွေးနွေးပွဲတွေကျရင် အာဆီယံ အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံက ရေတပ်တွေကို ဖိတ်ကြားဖို့ အဆိုပြုခဲ့သလို ပင်လယ်ရေကြောင်း ဆိုင်ရာ သဘာဝဘေးအန္တရာယ် အကူအညီပေးရေး အသင်းတွေအတွက် လိုက်နာရမယ့် လက်စွဲစာအုပ် ပြုစုဖို့ ဖိလစ်ပိုင် ရေတပ်အကြီးအကဲက အဆိုပြုခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကိုတော့ လာအိုနိုင်ငံက တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013